ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နိုင်ငံအဝှမ်းတွင် တည်ဆောက် ထိန်းသိမ်းထားရှိပြီးဖြစ်သော ရေအားအဆောက်အအုံများဖြစ်သည့် ရေလှောင်တမံ(၂၄၆)ခု၊ ရေလွှဲဆည် (၁၄၄) ခု၊ ကန် (၇၂) ခု၊ ရေတံခါး (၁၉၉) ခုနှင့် မြစ်ရေတင်လုပ်ငန်း (၂၁၉) ခု စုစုပေါင်းရေအားအဆောက် အအုံ (၈၈၀) ခုရှိပြီး ရေပေးဝေနိုင်သည့် စိစစ်ဧကပေါင်း (၃၁) သိန်းကျော်ရှိပါသည်။

ရေလှောင်တမံများ

IWUMD မှ တာဝန်ယူဆောင်ရွက်နေသော ရေလှောင်တမံများ အကြောင်းဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်

View Details
ရေလွှဲဆည်များ

IWUMD မှ တာဝန်ယူဆောင်ရွက်နေသော ရေလွှဲဆည်များ အကြောင်းဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်

View Details
ရေတံခါးများ

IWUMD မှ တာဝန်ယူဆောင်ရွက်နေသော ရေတံခါးများ အကြောင်းဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်

View Details
ကန်များ

IWUMD မှ တာဝန်ယူဆောင်ရွက်နေသော ကန်များ အကြောင်းဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်

View Details
မြစ်ရေတင်လုပ်ငန်းများ

IWUMD မှ တာဝန်ယူဆောင်ရွက်နေသော မြစ်ရေတင်လုပ်ငန်းများ အကြောင်းဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်

View Details
မြေအောက်တမံများ

IWUMD မှ တာဝန်ယူဆောင်ရွက်နေသော မြေအောက်တမံများ အကြောင်းဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်

View Details
စက်ရေတွင်းများ

IWUMD မှ တာဝန်ယူဆောင်ရွက်နေသော စက်ရေတွင်းများ အကြောင်းဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်

View Details
ရေငံတားတာများ

IWUMD မှ တာဝန်ယူဆောင်ရွက်နေသော ရေငံတားတာများ အကြောင်းဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်

View Details

About Us

ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်း

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ နောက်ခံသမိုင်းမှာ မြန်မာနိုင်ငံရှိ ဆည်မြောင်း လုပ်ငန်းများအပေါ် အခြေခံ၍ အစဉ်တစိုက် ဖြစ်ပေါ်တိုးတက်ခဲ့ခြင်း ဖြစ်ပါသည်။ သမိုင်းအထောက် အထား များအရ မြန်မာနိုင်ငံတွင် ဆည်မြောင်းလုပ်ငန်းများကို ပုဂံခေတ်မတိုင်မီ ပျူခေတ်ကတည်းကပင် စတင် ခဲ့ပါသည်။ မိတ္ထီလာကန်၊ ကျောက်ဆည်ဒေသမှ ကင်းတား၊ ငပြောင် စသည့်ရေလွှဲဆည်များနှင့် ရွှေဘိုဒေသမှ မူးတူးမြောင်းဟောင်း၊ မဟာနန္ဒာကန်စသည့် ဆည်မြောင်းများသည် ထင်ရှားသော သာဓကများ ဖြစ်ပါ သည်။ ကိုလိုနီခေတ် (၁၈၆၁) ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအောက်ပိုင်း၌ ပြည်သူ့လုပ်ငန်းများ ထိန်းသိမ်းခြင်း နှင့် တည်ဆောက်ခြင်းလုပ်ဆောင်ရန် ပြည်သူ့လုပ်ငန်းဌာနကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုဌာနကို အင်ဂျင်နီ ယာ ချုပ်တစ်ဦးတည်းကသာ ဌာနအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထိုစဉ်က ဆည်မြောင်းဌာနဟု သီးခြားမရှိခဲ့ပါ။ ပြည်သူ့လုပ်ငန်းဌာနကသာ ဆည်မြောင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ဖတ်ရှုရန် . . .

Read More >>
မျှော်မှန်းချက်

    ရေအရင်းအမြစ်များကို ရေရှည်တည်တံ့စေပြီး ညီညွတ်မျှတစွာရရှိစေရန်နှင့် သာယာဝ ပြော၍ ကြံ့ခိုင်စွမ်းရည်ပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်စေရန် ဆောင်ရွက်မည်။


ရည်မှန်းချက်

  ၁။ သီးနှံအထွက်နှုန်းနှင့် ရေအသုံးပြုမှု ထိရောက်မှုကို အမြင့်ဆုံးဖြစ်စေမည့် ထိရောက်ပြီး သာတူညီမျှသော ဆည်မြောင်းစနစ်များကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီမံခန့်ခွဲရန်။  ၂။ ဆန်းသစ်သောနည်းပညာများ၊ လူထုပါဝင်ဆောင်ရွက်မှုနှင့် မူဝါဒဖွံ့ဖြိုးတိုးတက်မှုတို့ ဖြင့် ရေရှည်တည်တံ့သော ရေအရင်းအမြစ်စီမံခန့်ခွဲမှုကို မြှင့်တင်ရန်။  ၃။ ဘက်စုံရေအရင်းအမြစ်စီမံခန့်ခွဲမှု အလေ့အကျင့်များကို အကောင်အထည်ဖော်ခြင်း ဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ရေရှားပါးမှုကို ခံနိုင်ရည်ရှိစေရေးဆောင်ရွက်ရန်။  ၄။ ရှိရင်းစွဲ အရင်းအမြစ်များအားအခြေခံ၍ သဘာဝမျှခြေမပျက်စီးစေပဲ ဆည်ရေသောက် ဧရိယာ တိုးချဲ့နိုင်ရေး ဆောင်ရွက်ရန်။


ဆည်ရေမှတ်များ



တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ရေလှောင်တမံများရှိ ဆည်ရေအမှတ် အခြေအနေများ အား ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်

Get Info
မြစ်ရေမှတ်များ



မြို့အလိုက် မြစ်များ၏ မြစ်ရေအမှတ်များ အား ဝင်ရောက် ကြည့်ရှု လေ့လာ နိုင်ပါသည်

Get Info
 ဗွီဒီယိုမှတ်တမ်းများ