- Fri, 6 December 2024
၁။ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၅)၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေ/တိုင်းဒေသကြီး ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်း လုပ်ငန်းများအတွက် လိုအပ်သော တည်ဆောက်ရေး ပစ္စည်းများဖြစ်သည့်၊ ဒီဇယ်ဆီ(ရိုးရိုး)၊ ဘိလပ်မြေနှင့် ကျောက်ကြီး များကို သတ်မှတ်စံချိန်စံညွှန်းများအတိုင်း မြန်မာ့ကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ညွှန်ကြားရေးမှူးရုံး တည်ဆောက်ရေး(၅)၊ ငွေစာရင်းဌာနစိတ်နှင့် ဖုန်း ၀၉-၂၅၆၂၂၆၀၀၄၊ ၀၉-၇၈၉၉၈၇၄၆၆ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။ တင်ဒါလျှောက်လွှာတစ်စောင်လျှင် ပစ္စည်းတန်ဖိုးအပေါ်မူတည်၍ သတ်မှတ်နှုန်းဖြင့် ညွှန်ကြားရေးမှူးရုံးဝင်း၊ တည်ဆောက်ရေး(၅)၊ (ဓမ္မာရုံ)၊ ဘဲကုန်းဝင်း၊ ပျဉ်းမနားမြို့တွင်ဝယ်ယူနိုင်ပါသည်။
(၃) (က) တင်ဒါအဆိုပြုလွှာ - ၉ - ၁၂ - ၂၀၂၄
စတင်ရောင်းချမည့်ရက်/အချိန် (ရုံးချိန်အတွင်း)
(Profile အထောက်အထားများ
တင်ပြရမည်။)
(ခ) လျှောက်လွှာအရောင်းပိတ်မည့်ရက် - ၂၀ - ၁၂ - ၂၀၂၄ ရက်
ညနေ ၄:၃၀ နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက်/အချိန် - ၂၃ - ၁၂ -၂၀၂၄ ရက်
နံနက် ၁၀:၀၀ နာရီ
(ဃ) တင်ဒါဖွင့်ဖောက်စိစစ်မည့်နေရာ - ညွှန်ကြားရေးမှူးရုံးဝင်း(ဓမ္မာရုံ)၊ ဘဲကုန်းဝင်း၊
တည်ဆောက်ရေး(၅)၊ ပျဉ်းမနားမြို့
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး
ဦးစီးဌာန၊တည်ဆောက်ရေး(၅)၊ နေပြည်တော်