နွေစပါးစိုက်ပျိုးနိုင်ရေး ဖြူးချောင်းရေလှောင်တမံမှ စိုက်ပျိုးရေများပေးဝေ
  • Sat, 1 March 2025

နွေစပါးစိုက်ပျိုးနိုင်ရေး ဖြူးချောင်းရေလှောင်တမံမှ စိုက်ပျိုးရေများပေးဝေ


        ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ဖြူးမြို့နယ်ရှိ နွေစပါးစိုက်ပျိုးနိုင်ရေး ဖြူးချောင်းရေလှောင်တမံမှ ရေပေးဝေလျက်ရှိပါသည်။

ဖြူးမြို့နယ်အတွင်း ၂၀၂၅  ခုနှစ် နွေစပါးစိုက်ပျိုးနိုင်ရေး ၁၇၃၈၉ ဧက စိုက်ပျိုးရန်လျာထားပြီး ဆည်ရေဖြင့် ၁၄၁၄၉ ဧက၊ အင်းအိုင်ရေဖြင့် ၄၀၉ ဧက၊ ချောင်းပိတ်ရေဖြင့် ၂၈၃၁ ဧက စိုက်ပျိုးနိုင်ရေး လျာထားပြီး နွေစပါးလျာထားမှုဧက ပြည့်မီရေး ဆောင်ရွက်လျက်ရှိပါသည်။

နွေစပါးစိုက်ပျိုးနိုင်ရေး ရေပေးဝေလျက်ရှိသော ဖြူးချောင်းရေလှောင်တမံသည် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၁၅ မိုင် လမ်းမကြီးအနောက်ဘက်တွင် တည်ရှိပြီး ၈-၁-၂၀၁၅ ရက်နေ့တွင် ဖွင့်လှစ်ကာ ရေသောက်ဧရိယာဧက ၉၀၀၀၀ အနက် ယခုနှစ် နွေစပါးစိုက်တောင်သူ လယ်သမားများ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး ဇန်နဝါရီ ၁ ရက်မှ စတင်ကာရေပေးဝေခဲ့ပါသည်။