နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရာမုန်တိုင်းသက်ရောက်မှုကြောင့် ထိခိုက်ခဲ့သည့် ရေဆင်းဆည်ရေ သောက်စနစ်မြောင်းများ ပြုပြင်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
  • Wed, 11 December 2024

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရာမုန်တိုင်းသက်ရောက်မှုကြောင့် ထိခိုက်ခဲ့သည့် ရေဆင်းဆည်ရေ သောက်စနစ်မြောင်းများ ပြုပြင်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


      နေပြည်တော်ကောင်စီဥက္ကဠ ဦးသန်းထွန်းဦးသည်နေပြည်တော်ကောင်စီဝင်ဦးမင်းဦး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ကျောက်ချက်ကျေးရွာနှင့် အိုင်စောက်ကျေးရွာအကြားရာဂီမုန်တိုင်းအရှိန် ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ရေဆင်းဆည်ရေသောက်စနစ် လက်ယာ (၂) မြောင်းမကြီးပေတိုင် - ပေ ၂၉၅၀၀ မှ ၃၅၉၉၀ အတွင်း ရေပေးမြောင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

     ထို့နောက် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာ အနီး ပင်လောင်းလမ်းဆုံ ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲ/ယာရှိ ရေမြောင်းများရေစီးရေလာ ကောင်းမွန်စေရေး ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။