မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
  • Fri, 6 December 2024

မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


၁။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင်ပြည်ထောင်စု (ဖြည့်စွက်) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စမုံရေငုပ်ပြွန် ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းအတွက် လိုအပ်သော ½'' Ø MS Rod ⅜'' Ø MS Rod နှင့် ¼'' Ø MS Rod များအား ၅-၁၂-၂၀၂၄ ရက်မှစ၍ မြန်မာ(ကျပ်)ငွေ ဈေးပြိုင်စနစ်ဖြင့် တင်ဒါခေါ်ယူလိုပါသည်။

၂။ တင်ဒါလျှောက်လွှာပုံစံများအား ၂၆ ဘီလမ်း၊ ၇၀x၇၁ လမ်းကြား၊ ဆည်မြောင်း ဧည့်ရိပ်သာ၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် ၅-၁၂-၂၀၂၄ ရက်မှစတင်၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပါသည်။

၃။ အသေးစိတ် သိရှိလိုပါက ဖုန်း-၀၂-၄၀၃၉၁၈၁၊၀၂-၄၀၆၆၀၅၃ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

(က) တင်ဒါလျှောက်လွှာ - ၅-၁၂-၂၀၂၄ ရက်မှ ၁၉-၁၂-၂၀၂၄ ရက်

ရယူရမည့်ရက်

(ခ) တင်ဒါသွင်းရမည့် - ၁၉-၁၂-၂၀၂၄ ရက်

နောက်ဆုံးရက်/အချိန် (၁၆:၃၀) နာရီ

(ဂ) တင်ဒါဖွင့်မည့်ရက် - ၂၀-၁၂-၂၀၂၄ ရက် (ခန့်မှန်း)

(ဃ) တင်ဒါဖွင့်မည့်နေရာ - ၂၆ ဘီလမ်း၊ ၇၀x၇၁ လမ်းကြား၊

ဆည်မြောင်း ဧည့်ရိပ်သာ၊ မန္တလေးမြို့

သတ်မှတ်ရက်အချိန်ထက် ကျော်လွန်တင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

                                                                                                                                  တင်ဒါကော်မတီ