- Wed, 4 December 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ တည်ဆောက်ရေး(၇)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ရှိ စမုံရေထိန်းတမံပြန်လည်ပြုပြင်ခြင်းလုပ်ငန်းအတွက် မြေကြီးလုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများနှင့် လိုအပ်သော ဒီဇယ်ဆီတင်သွင်းမည့် ကုမ္ပဏ္ဍီများထံမှ အိတ်ဖွင့် တင်ဒါများ ပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
(၁) တည်ဆောက်ရေးလုပ်ငန်း - တမံမြေဖို့ခြင်း(တူး/တင်/သယ်/ဖြန့်/ဖျန်း/ ကြိတ်) လုပ်ငန်း
- တမံမြေဖို့ခြင်း(တူး/တင်/သယ်) လုပ်ငန်း
(၂) ပစ္စည်းဝယ်ယူခြင်း - ဒီဇယ်ဆီ(ရိုးရိုး) ဝယ်ယူခြင်း
တင်ဒါပုံစံစတင်ရောင်းချမည့်ရက် - ၄-၁၂-၂၀၂၄ ရက်
တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက် - ၁၈-၁၂-၂၀၂၄ ရက်(၁၆:၀၀)နာရီ
တင်ဒါတင်သွင်းရမည့်နေရာ - ညွှန်ကြားရေးမှူးရုံး၊ တည်ဆောက်ရေး(၇)၊ ဆည်မြောင်းနှင့်ရေအသုံးချမှု
စီမံခန့်ခွဲရေး ဦးစီးဌာန၊ မိတ္ထီလာမြို့
တင်ဒါဖွင့်မည့်ရက် - တင်ဒါဖွင့်မည့်နေ့ရက်ကို သီးခြားကြေညာ ပါမည်။
တင်ဒါဖွင့်မည့်နေရာ - ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၊
မန္တလေးမြို့။
အထက်ပါစည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းဆိုင်ရာ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ညွှန်ကြားရေးမှူးရုံး၊ တည်ဆောက်ရေး (၇) မိတ္ထီလာမြို့၊ ဖုန်း-၀၉-၂၅၄၃၁၃၀၅၉၊ ၀၉-၄၄၀၆၁၈၉၇၂၊ ၀၉-၄၃၁၃၂၆၀၉ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
တင်ဒါကော်မတီ