- Fri, 13 September 2024
၁။ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင်
ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ
ငွေလုံးငွေရင်း(အရေးပေါ်ရန်ပုံငွေ)ဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု
စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ ဆောင်ရွက်မည့် ရေဘေးကာကွယ်ရေးတာများ
တောင့်တင်းခိုင်မာအောင်ပြုပြင်ခြင်းနှင့် ရေပေးမြောင်းများ
ပြုပြင်ခြင်းလုပ်ငန်း များ၏ လုပ်ငန်းတင်ဒါများနှင့် တည်ဆောက်ရေး
လုပ်ငန်းသုံးပစ္စည်းတင်ဒါများအတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန်
ဖိတ်ခေါ်အပ်ပါသည်။
(က) တင်ဒါလျှောက်လွှာရောင်းချမည့် ရက်/အချိန်
လုပ်ငန်း/ပစ္စည်းတင်ဒါ - ၁၆-၉-၂၀၂၄ ရက်နေ့မှ
၁၇-၉-၂၀၂၄ ရက်နေ့ထိ
- နံနက် (၉:၃၀) နာရီမှ
ညနေ (၄:၃၀) နာရီထိ
(ခ) တင်ဒါလျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက်/အချိန်
လုပ်ငန်း/ပစ္စည်းတင်ဒါ - ၂၅-၉-၂၀၂၄ ရက်နေ့မှ
၂၆-၉-၂၀၂၄ ရက်နေ့ထိ
- ညနေ (၄:၃၀) နာရီနောက်ဆုံးလက်ခံပါမည်။
(ဂ) တင်ဒါဖွင့်လှစ်မည့်ရက်/အချိန်
လုပ်ငန်း/ပစ္စည်းတင်ဒါ - ၃-၁၀-၂၀၂၄ ရက်နေ့
နံနက် (၁၀:၀၀) နာရီ
(ဃ) တင်ဒါလျှောက်လွှာရောင်းချ/ - ညွှန်ကြားရေးမှူးရုံး၊
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊
ပဲခူးမြို့။
ဖွင့်လှစ်မည့်နေရာ
၂။
အသေးစိတ်သိရှိလိုသော အချက်များကို အထက်ဖော်ပြပါ လိပ်စာရှိ ရုံးနှင့်
လုပ်ငန်းတည်ရှိရာ ပဲခူးခရိုင်၊
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ (ပဲခူး)ရုံးသို့
လာရောက် စုံစမ်းနိုင်ပြီး ဖုန်း ၀၅၂-၂၂၃၀၀၃၅၊ ၀၅၂-၂၂၃၀၂၆၀ သို့
ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါ ကြောင်းနှင့် ဖော်ပြပါရက်များ
ပြောင်းလဲပါက ကြိုတင်၍ ထပ်မံအသိပေးအကြောင်းကြားပါမည်။