- Wed, 28 August 2024
၁။ (၂၀၂၄-၂၀၂၅) ခု၊ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း) မှ ဆောင်ရွက် မည့် ရေဘေးကာကွယ်ရေးတာများ တောင့်တင်းခိုင်မာအောင် ပြုပြင်ခြင်းအတွက် လုပ်ငန်းတင်ဒါ များနှင့် တည်ဆောက်ရေးလုပ်ငန်းပစ္စည်းတင်ဒါများအတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
(က) တင်ဒါလျှောက်လွှာရောင်းချမည့် ရက်/အချိန်
လုပ်ငန်း/ပစ္စည်းတင်ဒါ - ၃-၉-၂၀၂၄ ရက်နေ့မှ
၅-၉-၂၀၂၄ ရက်နေ့ထိ
- နံနက် (၉:၃၀) နာရီမှ
ညနေ (၄:၃၀) နာရီထိ
(ခ) တင်ဒါလျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက်/အချိန်
လုပ်ငန်း/ပစ္စည်းတင်ဒါ - ၁၆-၉-၂၀၂၄ ရက်နေ့မှ
၁၈-၉-၂၀၂၄ ရက်နေ့ထိ
- ညနေ (၄:၃၀) နာရီ နောက်ဆုံးလက်ခံပါမည်။
(ဂ) တင်ဒါဖွင့်လှစ်မည့် ရက်/အချိန်
လုပ်ငန်း/ပစ္စည်းတင်ဒါ - ၂၄-၉-၂၀၂၄ ရက်နေ့
နံနက် (၁၀:၀၀) နာရီ
(ဃ) တင်ဒါလျှောက်လွှာရောင်းချ/ ဖွင့်လှစ်မည့်နေရာ - ညွှန်ကြားရေးမှူးရုံး၊
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့။
၂။ အသေးစိတ်သိရှိလိုသော အချက်များကို အထက်ဖော်ပြပါလိပ်စာရှိ ရုံးနှင့်လုပ်ငန်း တည်ရှိရာ ပဲခူးခရိုင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ပဲခူး) ရုံးသို့ လာရောက် စုံစမ်းနိုင်ပြီး ဖုန်း - ၀၅၂-၂၂၃၀၀၃၅၊ ၀၅၂-၂၂၃၀၂၆၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါ ကြောင်းနှင့် ဖော်ပြပါရက်များ ပြောင်းလဲပါက ကြိုတင်၍ ထပ်မံအသိပေးအကြောင်းကြားပါမည်။