- Sat, 1 June 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)၊ မန္တလေးတိုင်းဒေသကြီး
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ မန္တလေးတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)ရုံးမှ (၂၀၂၄-၂၀၂၅)ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး(သာမန်/ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အောက်ဖော်ပြပါ ဒီဇယ်ဆီများ ဝယ်ယူခြင်းအတွက် မြန်မာနိုင်ငံသား လုပ်ငန်းရှင်ကုမ္ပဏီများမှ မြန်မာကျပ်ငွေဖြင့် တင်ဒါတင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အိတ်ဖွင့်တင်ဒါ လျှောက်လွှာပုံစံကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကားရေးမှူးရုံး(ရေအရင်းအမြစ်)၊ မန္တလေးတိုင်းဒေသကြီး၊ (၇၃)လမ်း၊ ၁၀၁ သိပ္ပံလမ်းနှင့် ၁၀၂ (A)လမ်းကြား၊ မန္တလေးမြို့တွင် ရုံးချိန်အတွင်း လာရောက်စုံစမ်းဝယ်ယူပေးသွင်းနိုင်ပါသည်။
စဉ် | Lot No. | လုပ်ငန်းအမည် | ပစ္စည်းအမျိုးအမည် | ရေတွက်ပုံ | အရေအတွက် |
Lot-1 | မန္တလေးတိုင်းဒေသကြီးအတွင်းရှိ -ခရိုင်များ၏ (ပြင်/ထိန်း)လုပ်ငန်းသုံး ဒီဇယ်ဆီ များ ဝယ်ယူခြင်း (ပုသိမ်ကြီးမြို့နယ်၊ ချောင်းဝန်း ဆီသိုလှောင်ရုံ အရောက် -မြင်းခြံခရိုင်၊ ဆီမီးခုံ-၃ စီမံကိန်း(ပြင်/ထိန်း) လုပ်ငန်းသုံး၊ ဒီဇယ်ဆီများ ဝယ်ယူခြင်း (ဆီမီးခုံ-၃ စီမံကိန်းအရောက်) | ဒီဇယ်ဆီ ။ | ဂါလန်ခန့် ။ | ၁၉၂၃၀ ၈၃၂၄ |
(က) တင်ဒါလျှောက်လွှာရယူရမည့်ရက် - (၃၀.၅.၂၀၂၄)မှ (၁၂.၆.၂၀၂၄)ရက်ထိ
(ခ) တင်ဒါတင်သွင်းရမည့် နောက်ဆုံးရက်/အချိန် - (၁၂.၆.၂၀၂၄)ရက် (၁၆:၀၀)နာရီ
(ဂ) တင်ဒါဖွင့်လှစ်မည့် နေ့ရက်/အချိန် - ဆက်သွယ်အကြောင်းကြားပါမည်။
၃။ သတ်မှတ်ရက်/အချိန်ထက် နောက်ကျတင်သွင်းသည့် လျှောက်လွှာများကို ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။
၄။ အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉-၂၀၄၅၅၉၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင် ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ