- Tue, 26 March 2024
                       
                    
    ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန အနေဖြင့် 
နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ၏ 
လမ်းညွှန်မှာကြားချက်နှင့်အညီ ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်အတွင်း 
တစ်နှစ်လျှင်(၃)သီးစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် 
ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် 
စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို  စဉ်ဆက်မပြတ်စီမံ 
ဆောင်ရွက်လျက်ရှိပါသည်။ 
နိုင်ငံတော် ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်ဖြစ်သောနိုင်ငံ၏စီးပွားရေး 
အခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် 
ဆောင်ရွက်နိုင်မည် ဆိုသည့် မူဝါဒနှင့်အညီ လုပ်ငန်းများ အကောင်အထည်ဖေါ် 
ဆောင်ရွက်နိုင်ရန် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက် စေရေး၊ တောင်သူများ၏ 
စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်သည်မှ တစ်ဦးချင်း ဝင်ငွေ 
တိုးတက်စေရန် ရည်ရွယ်ပြီး နေပြည်တော် တစ်ဝှမ်းလုံးမှာ ဆန်စပါးနဲ့ 
ဆီထွက်သီးနှံများ စိုက်ပျိုး ထုတ်လုပ်ရေး ဆောင်ရွက်လျက် ရှိပါသည်။ 
ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးပြီး စားသုံးဆီဖူလုံရေး အတွက်လည်း 
အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်လျက်ရှိပါသည်။
   
 ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၏ အရှေ့ဘက်တွင် 
ပေါင်းလောင်း ဆည်ရေသောက်နှင့် တောင်ဘက်တွင် ငလိုက်ဆည်ရေသောက်တို့ရှိပြီး 
အဆိုပါဆည်ရေသောက် ဧရိယာ(၂)ခုအကြား ဆင်သေ၊ နှမ်းတော ကျေးရွာ အုပ်စုများရှိ 
လယ်ယာမြေဧရိယာ(၇၀၀)ဧကမှာ မိုးကောင်းသောက် ဧရိယာများဖြစ်ပြီးအဆိုပါဧရိယာအား 
ဆည်ရေရရှိရေးအတွက် တောင်သူများ၏ တောင်းဆိုချက်အရ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ ပျဉ်းမနားမြို့နယ်အတွင်းရှိ 
ပေါင်းလောင်းမြစ်မှ ရေခေါ်မြောင်းဖြင့်မြစ်ရေတင်စီမံကိန်းအား 
ဆင်သေကျေးရွာအနီးတွင် (၂၀၂၃) ခုနှစ် ဇူလိုင်လမှ စတင် အကောင်အထည်ဖော် 
ဆောင်ရွက်ခဲ့ပြီး (၂၀၂၄) ခုနှစ် မတ်လ(၁၅)ရက် နေ့မှစ၍ (၂၀၂၃-၂၀၂၄)ခုနှစ် 
နွေစပါးစိုက်ပျိုးရန် ရေစတင်ပေးဝေနိုင်ခဲ့ပါသည်။ ပေါင်းလောင်းမြစ် ရေတင်၏ 
တူးမြောင်းအဖျားပိုင်းရှိ အောင်သပြေရိုးမှတဆင့် ငလိုက်ဆည်ရေသောက်(Main 
Canal)၏ အဖျားပိုင်း တောင်သူများနှင့် 
ငလိုက်လက်တံ(၆)မိုင်နာ(၂)ရေသောက်တောင်သူများမှ ပေါင်းလောင်းမြစ် 
ရေတင်မှရေကို ရယူ၍ နွေစပါးစိုက်ပျိုး လိုပါကြောင်းတင်ပြသောကြောင့် 
ငလိုက်လက်တံ(၆) မိုင်နာ(၂) ရေသောက် ဧရိယာများအား ပေါင်းလောင်းမြစ်ရေတင်ရေပေးမြောင်းမှ ရေကူပေးနိုင်ရန် H/Rတစ်လုံး  
တပ်ဆင်ပေးခြင်း၊ ငလိုက်လက်တံ(၆)  မိုင်နာ(၂) ရေ သောက်ဧရိယာများအား 
ပေါင်းလောင်းမြစ်ရေတင်မှ ရေကူပေးမည့် ရေပေးမြောင်း 
ဆက်လက်တူးဖော်ပေးခြင်းနှင့် H/R အထွက် ပိုင်း  ရေသွယ်မြောင်း 
ပြုလုပ်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။  
လုပ်ငန်းဆောင်ရွက်ပေးခြင်းအားဖြင့် ပေါင်း လောင်းမြစ်ရေတင် ဧရိယာမှ (၂၀၀)ဧက
 ထပ်မံစိုက်ပျိုးနိုင်မည် ဖြစ်ပါသဖြင့် စုစုပေါင်း ရေသောက်ဧရိယာ 
(၉၀၀)အထိတိုးတက် စိုက်ပျိုးလာနိုင်မည်ဖြစ်ပါသည်။ ပျဉ်းမနားမြို့နယ် ၊ ဆင်သေ
 ကျေးရွာအနီး ပေါင်းလောင်းမြစ် လျှပ်စစ်ရေတင် ဧရိယာမှ (၂၀၂၃-၂၀၂၄) နွေစပါး 
(၅၆၈) ဧကကို လျာထားကာ စိုက်ပျိုးရေပေးဝေခဲ့ပါသည်။ ပေါင်းလောင်းမြစ်ရေတင် 
ဆောင်ရွက်ပေးပြီး နောက် လယ်မြေတွေဟာ မိုးကောင်းသောက်လယ်တွေဖြစ်ပြီး ယခင်က 
နှစ်သီးသာ စိုက်ပျိုးနိုင်ပြီး မိုးနည်းတဲ့ နှစ်တွေမှာဆို 
မိုးစပါးအောင်ရေတောင် မသေချာတဲ့နေရာတွေဖြစ်ခဲ့ပြီး ယခုလိုမြစ်ရေတင်စနစ် 
ဆောင်ရွက်ပေးခြင်းအားဖြင့် တစ်နှစ်ကို 
သုံးသီးစိုက်ပျိုးနိုင်တော့မည်ဖြစ်ပါသည်။ ယခုလို 
ရေရရှိရေးနည်းလမ်းများအလိုက် ရှာဖွေဆောင်ရွက်ပြီး ရေပေးဝေတဲ့အတွက် 
၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရေလှောင်တမံ၊ရေလွှဲဆည်၊ကန် ၊ ယာယီချောင်းပိတ်ဆည်နှင့်
 စက်ရေတွင်း များမှ မိုးစပါး (၇၂၃၉၂) ဧက၊ နွေစပါး (၂၇၀၆၃) ဧက၊ နွေသီးနှံ 
(၉၇၁၂) ဧက စုစုပေါင်း (၃၆၇၇၅) ဧက စိုက်ပျိုးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ 
ခုနှစ်တွင် မိုးစပါး စုစုပေါင်း (၇၄၂၉၉) ဧက စိုက်ပျိုးခဲ့သဖြင့် 
ယခင်နှစ်ထက် ဧက(၂၀၀၀) ခန့်ပိုမိုစိုက်ပျိုးခဲ့ပြီး ၊ ယခု အချိန်တွင် 
နွေစပါး (၂၉၀၉၉) ဧက၊ နွေသီးနှံ (၁၇၃၈၈) ဧက ၊ စုစုပေါင်း (၄၆၈၅၁) ဧကလျာထား ၍
 စိုက်ပျိုးရေပေးဝေလျက်ရှိပြီး ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး ပူးပေါင်း
 ဝိုင်းဝန်းဆောင်ရွက်လျက် ရှိတာ ကြောင့်  နွေစပါး /နွေသီးနှံဟာ ယခင်နှစ် 
ထက် ဧက(၁၀၀၀၀) ကျော် ပိုမိုစိုက်ပျိုးနိုင်မှာဖြစ်ပါတယ်။ ယခုလို 
ဆောင်ရွက်ပေးလိုက်တဲ့အတွက် စိုက်ပျိုးမြေတွေမှာ ဆီထွက် သီးနှံတွေ ပိုမို 
စိုက်ပျိုးနိုင်ပြီး  ကိုယ့်ဒေသမှာ ဝမ်းစာ ဖူလုံရုံမျှမက အခြားဒေသ တွေကိုပါ
 တင်ပို့ခြင်း ဖြင့် တောင်သူကြီးများ ဝင်ငွေတိုးပြီး လူနေမှုဘဝများလည်း 
ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါသည်။



