ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ နောက်ခံသမိုင်းမှာ မြန်မာနိုင်ငံရှိ ဆည်မြောင်း လုပ်ငန်းများအပေါ် အခြေခံ၍ အစဉ်တစိုက် ဖြစ်ပေါ်တိုးတက်ခဲ့ခြင်း ဖြစ်ပါသည်။ သမိုင်းအထောက် အထား များအရ မြန်မာနိုင်ငံတွင် ဆည်မြောင်းလုပ်ငန်းများကို ပုဂံခေတ်မတိုင်မီ ပျူခေတ်ကတည်းကပင် စတင် ခဲ့ပါသည်။ မိတ္ထီလာကန်၊ ကျောက်ဆည်ဒေသမှ ကင်းတား၊ ငပြောင် စသည့်ရေလွှဲဆည်များနှင့် ရွှေဘိုဒေသမှ မူးတူးမြောင်းဟောင်း၊ မဟာနန္ဒာကန်စသည့် ဆည်မြောင်းများသည် ထင်ရှားသော သာဓကများ ဖြစ်ပါ သည်။ ကိုလိုနီခေတ် (၁၈၆၁) ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအောက်ပိုင်း၌ ပြည်သူ့လုပ်ငန်းများ ထိန်းသိမ်းခြင်း နှင့် တည်ဆောက်ခြင်းလုပ်ဆောင်ရန် ပြည်သူ့လုပ်ငန်းဌာနကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုဌာနကို အင်ဂျင်နီ ယာ ချုပ်တစ်ဦးတည်းကသာ ဌာနအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထိုစဉ်က ဆည်မြောင်းဌာနဟု သီးခြားမရှိခဲ့ပါ။ ပြည်သူ့လုပ်ငန်းဌာနကသာ ဆည်မြောင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ဖတ်ရှုရန် . . .
Read More >>ရေအရင်းအမြစ်များကို ရေရှည်တည်တံ့စေပြီး ညီညွတ်မျှတစွာရရှိစေရန်နှင့် သာယာဝ ပြော၍ ကြံ့ခိုင်စွမ်းရည်ပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်စေရန် ဆောင်ရွက်မည်။
၁။ သီးနှံအထွက်နှုန်းနှင့် ရေအသုံးပြုမှု ထိရောက်မှုကို အမြင့်ဆုံးဖြစ်စေမည့် ထိရောက်ပြီး သာတူညီမျှသော ဆည်မြောင်းစနစ်များကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီမံခန့်ခွဲရန်။ ၂။ ဆန်းသစ်သောနည်းပညာများ၊ လူထုပါဝင်ဆောင်ရွက်မှုနှင့် မူဝါဒဖွံ့ဖြိုးတိုးတက်မှုတို့ ဖြင့် ရေရှည်တည်တံ့သော ရေအရင်းအမြစ်စီမံခန့်ခွဲမှုကို မြှင့်တင်ရန်။ ၃။ ဘက်စုံရေအရင်းအမြစ်စီမံခန့်ခွဲမှု အလေ့အကျင့်များကို အကောင်အထည်ဖော်ခြင်း ဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် ရေရှားပါးမှုကို ခံနိုင်ရည်ရှိစေရေးဆောင်ရွက်ရန်။ ၄။ ရှိရင်းစွဲ အရင်းအမြစ်များအားအခြေခံ၍ သဘာဝမျှခြေမပျက်စီးစေပဲ ဆည်ရေသောက် ဧရိယာ တိုးချဲ့နိုင်ရေး ဆောင်ရွက်ရန်။