ရေအသုံးချသူများအဖွဲ့/ အသင်း

    နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းပညာများဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လူဦးရေတိုးတက်မှုနှင့် အတူ နိုင်ငံ၏ စားနပ်ရိက္ခာ ဖူလုံစွာဖြည့်ဆည်းပေးရန်နှင့် လယ်ယာထွက်ကုန်များကို အခြေခံပြီး နိုင်ငံ၏ လူမှုစီးပွားရေး ကဏ္ဍများကို ဖွံ့တိုးတက်အောင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီ မံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးပေးဝေမှုလုပ်ငန်းများကို အကောင်အထည်ဖော်  ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ဒေသများအလိုက် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် သီးနှံများ တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်မှုကို မထိခိုက်စေ ရန်အတွက် စိုက်ပျိုးရေပေးဝေမှုစီမံခန့်ခွဲမှုလုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်ပေးလျက် ရှိပါသည်။ ဆည်ရေများကို အလေအလွင့်နည်းစွာဖြင့် အကျိုးရှိစွာအသုံးချနိုင်ရန်မှာ စိုက်ပျိုး သူလယ်သမားများ၏ ပူးပေါင်းပါဝင်မှုကဏ္ဍမှာလည်း လွန်စွာအရေးပါသည့်အတွက် ရေပေး မြောင်းငယ်များ၊ လယ်ကြားမြောင်းများနှင့် ရေပေးအဆောက်အအုံငယ်များ ပြုပြင်ထိန်းသိမ်းမှု နှင့် ရေပေးဝေမှုလုပ်ငန်းများမှာ လယ်သများကိုယ်တိုင် ဌာနနှင့်ပူးပေါင်းဆောင်ရွက်ပါက ပိုမို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဌာနအနေဖြင့် လယ်သမားများပါဝင်သည့် ရေအသုံးချသူများအဖွဲ့များ၊ ရေအသုံးချသူများအသင်းများ ဖွဲ့စည်းပြီး ပူးပေါင်းပါဝင်ဆည် မြောင်းစနစ်တိုးတက်ဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇွန်လအထိ ရေအသုံးချသူများအဖွဲ့များ၊ရေအသုံးချသူများအသင်းများဖွဲ့စည်းထားရှိမှုအခြေအနေမှာအောက်ပါအတိုင်းဖြစ်ပါသည်-