ဖြည့်တင်းရေးဌာနခွဲ

ဖြည့်တင်းရေးဌာနခွဲသည် IWUMD ရုံးချုပ် ရှိ ဌာနခွဲများအနက်မှ ဌာနခွဲတစ်ခုဖြစ်ပြီး ဌာန၏ ဖြည့်တင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။




(က)    တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သော စက်ယန္တရားများ၊ ဆောက်လုပ်ရေး ပစ္စည်းများနှင့်ပတ်သက်၍ စာရင်း ပြုစုရေးဆွဲခြင်း နှင့် စက်ပစ္စည်း၊ စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန (ECC) သို့ တင်ပြခြင်း၊ အတည်ပြုချက် ရယူခြင်း၊
(ခ)    စက်ယန္တရားများ၊  အထောက်အကူပြု  စက်ကိရိယာများ၊   ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊  လုပ်ငန်းအထောက် အကူပြုပစ္စည်းများ၊ စသည်တို့ကို  မှတ်တမ်းများပြုစု ၍ ထိန်းသိမ်းခြင်း၊
(ဂ)    စီမံကိန်းများနှင့် ထိန်းသိမ်းရေးလုပ်ငန်းများအတွက် စက်သုံးဆီများ၊ ဘိလပ်မြေများ၊ သံချောင်းများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှစ်အလိုက် လိုအပ်ချက်များ ရေးဆွဲပြုစုခြင်း၊ သက်ဆိုင်ရာဦးစီးဌာနများသို့အမှာစာများပေးပို့ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဝယ်ယူ ရရှိသောပစ္စည်းများကို လုပ်ငန်းလိုအပ်ချက်အလိုက် ခွဲဝေပေးခြင်း၊
(ဃ)    ရုံးချုပ်ရှိ အရာထမ်းများအသုံးပြုသော မော်တော်ယာဉ်ငယ်များ၊ ဝန်ထမ်းကြို/ပို့ ယာဉ်များ၊ အရေးကြီးပုဂ္ဂိုလ်များ၏ ယာဉ်များစသည်တို့ကို တိုက်ရိုက်ထိန်းသိမ်း ခြင်း၊ ပြုပြင်ခြင်း၊ ခွင့်ပြုခြင်းများဆောင်ရွက်ခြင်း၊
(င)    ရုံးချုပ်အိမ်နေရာချထားရေးကော်မတီမှ ကြီးကြပ်သည့် လူနေအိမ်များ၊ ရုံးချုပ် အဆောက်အဦများနှင့် ပရိဘောဂများ အား ပြုပြင်ထိန်းသိမ်းခြင်း၊
(စ)    ဌာနမှ ဝယ်ယူရန် အစီအစဉ် Procurement Scheduleအရ သတ်မှတ်ပြီးသော စက်ယန္တရား ပစ္စည်းများ နှင့် ဆောက်လုပ်ရေးပစ္စည်းများအတွက် စက်မှုဆိုင်ရာ စံညွန်းများရေးဆွဲခြင်း၊ အထက်အဖွဲ့အစည်းသို့ အဆင့်ဆင့် အတည်ပြုချက်ရယူခြင်း၊ တင်ဒါဆိုင်ရာ ကိစ္စများဆောင်ရွက်ခြင်း၊








Location:

ရုံးအမှတ် (၁၅)၊ နေပြည်တော်

Email:

iwumd@gmail.com

Call:

၀၆၇-၃၄၁၀၀၁၉