စက်မှု/လျှပ်စစ်ဌာနခွဲ (၂) (ရေအရင်းအမြစ်)

စက်မှု/လျှပ်စစ်ဌာနခွဲ (၂) (ရေအရင်းအမြစ်) သည် IWUMD အောက်ရှိ ဌာနခွဲ တစ်ခုဖြစ်ပါသည်။



(က)    ရေတင်လုပ်ငန်းအသစ်ဆောင်ရွက်နိုင်သည့် အလားအလာရှိသော နေရာဒေသများ တွင် ကွင်းဆင်းလေ့လာခြင်း၊ ဖြစ်မြောက်နိုင်စွမ်း ပဏာမအစီရင်ခံစာ ပြုစုခြင်းနှင့် စီမံချက်များရေးဆွဲခြင်း၊
(ခ)    ရေတင်လုပ်ငန်းအတွက် တပ်ဆင်မည့်  ရေစုပ်စက်၊ အင်ဂျင်ပန့်၊ မော်တာများ ၊ ပိုက်လိုင်းများ၊ လျှပ်စစ် ဓာတ်အားလိုင်း ဓာတ်အားခွဲရုံများ တည်ဆောက်ရေး၊ တပ်ဆင်ရေးအတွက် ဒီဇိုင်းပုံစံရေးဆွဲခြင်း၊ ရန်ပုံငွေ တွက်ချက်ခြင်း၊
(ဂ)    ရေတင်စီမံကိန်းများတွင် ဌာနပိုင် စက်ယန္တရားကြီးများနှင့် တွင်းတူး စက်ကြီးများ ကြံ့ခိုင်မှုထိန်းသိမ်းရေးအတွက်  အကြီးစားပြင်ဆင်ရေးလုပ်ငန်း များကို စိစစ်ခွင့်ပြု ခြင်းနှင့် စက်ယန္တရားကြီးများ ပြောင်းရွှေ့မှုကို စီမံကွပ်ကဲခြင်း၊
(ဃ)    ရေတင်လုပ်ငန်းတွင်အသုံးပြုမည့်  ဓာတ်အားလိုင်းနှင့် ခွဲရုံပစ္စည်းများ၊  အင်ဂျင်၊ ပန့်၊ မော်တာနှင့်  အခြား စက်ပစ္စည်းများ  ဝယ်ယူတပ်ဆင်ရာတွင်  စံချိန်စံညွှန်းများ  ပြုစု စိစစ်ရွေးချယ်ခြင်း၊
(င)    ရေတင်လုပ်ငန်းတစ်ခုချင်းအလိုက် စက်သုံးဆီသုံးစွဲမှု၊ စက်မောင်းနာရီ လျှပ်စစ် မီတာယူနစ် အသုံးပြုမှု၊ လျှပ်စစ် ဓာတ်အားရရှိမှုတို့ကို  မှတ်တမ်းတင်ထားရှိမှုနှင့် စိစစ်ညွှန်ကြားခြင်း၊





Location:

ရုံးအမှတ် (၁၅) ၊ နေပြည်တော်

Email:

iwumd@gmail.com

Call:

၀၆၇-