သံဖြူဇရပ်မြို့နယ်၌ ကြာကန်အင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
  • Thu, 9 May 2024

သံဖြူဇရပ်မြို့နယ်၌ ကြာကန်အင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး


    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ကြာကန်ရပ်ကွက်ရှိ ကြာကန်အင်း၌ ပြုလုပ်ခဲ့သည်။
    အဆိုပါကြာကန်အင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မတ်လအတွင်းက စတင်အကောင်အထည်ဖော်ဆောင်ရွက်ပြီး မေ ၈ ရက်တွင် ရာနှုန်းပြည့်ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။
    ထို့ပြင် ရေပေးဝေရေးလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် စေတနာရှင်၊ အလှူရှင်များက မြို့ပေါ်ရပ်ကွက်များရှိ သောက်သုံးရေ အခက်အခဲဖြစ်သည့် ပြည်သူများအား နေ့ စဉ်ရေဂါလန် ၅၀၀၀၀ခန့်ကို စက်သစ်ရပ်ကွက်ရှိ စက်ရေ တွင်းမှ ရေသယ်ယာဉ် ငါးစီးဖြင့် လိုက်လံဖြန့်ဝေပေးလျက်ရှိပါသည်။