ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေကြီးရေဝပ်မှု လျှော့ချနိုင်စေရန်နှင့် ရေစီးရေ လာကောင်းမွန်စေရန် ရှေးဟောင်းကန်များ ပြန်လည်တူးဖော်နိုင်ရေး ကွင်းဆင်းကြည့်ရှု
  • Sun, 3 March 2024

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ရေကြီးရေဝပ်မှု လျှော့ချနိုင်စေရန်နှင့် ရေစီးရေ လာကောင်းမွန်စေရန် ရှေးဟောင်းကန်များ ပြန်လည်တူးဖော်နိုင်ရေး ကွင်းဆင်းကြည့်ရှု



    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်သည် အင်ဂျင်နီယာချုပ်(စက်မှု)၊ တာဝန်ရှိသူ များနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဒေသ ရှေးဟောင်းဇုန်များအတွင်းရှိ ရှေးဟောင်းရေကန်များ ပုံစံကျ ပြန်လည်တူးဖော်ပြုပြင် နိုင်ရန်အတွက် မတ်(၁)ရက်မှ (၃)ရက်အထိ ကွင်းဆင်း စစ်ဆေးခဲ့ သည်။
    မတ်(၁)ရက် မွန်းလွဲပိုင်းတွင် အလှူရှင်တစ်ဦးမှ လှူဒါန်းတူးဖော်မည့် မင်္ဂလာကန်(၃)၊ ဇေယျာဝတီကန်နှင့် အမနကန်များအနက်မှ မင်္ဂလာကန်(၃)သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ဆောင်ရွက် မည့် ရွှေနန်းယဉ်တောကန် အစုအဖွဲ့ရှိ ရှေးဟောင်းရေကန်များနှင့် ဆက်စပ်ရေစီးလမ်းကြောင်းများအား ကြည့်ရှုစစ်ဆေး၍ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ ကန်ပေါင် များ တူးဖော်ပြုပြင်ရာတွင် ကန်ပေါင် မြေဖို့ခြင်းလုပ်ငန်းများသာမက ရေဝင်/ရေထွက်လမ်းများကိုပါ ပြန်လည်တူးဖော်ဆောင်ရွက်ကြရန်နှင့် ကွင်းဆင်းတိုင်းတာမှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကြရန်တို့ကို တာဝန်ရှိသူ များအား မှာကြား သည်။
    ထို့နောက် မတ်(၂)ရက် နံနက်ပိုင်းတွင် အလှူရှင်တစ်ဦးမှ လှူဒါန်းတူးဖော်မည့် မင်္ဂလာကန်(၃)လုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော် နာကြားခြင်း အခမ်းအနားအား တက်ရောက်ပြီး လှူဒါန်း ငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ဇေယျာ ဝတီကန်(ဇယဝရီ)၊ အမနကန်(အာမနကန်)နှင့် မြကန်တမံများသို့ သွားရောက်စစ်ဆေးခဲ့ပြီး မြကန် တမံတွင် သိုလှောင်ရေ ဆုံးရှုံးနေမှုအကြောင်းအရင်းကို သိရှိနိုင်စေရန် အတွက် ဘူမိရူပဗေဒတိုင်းတာ ခြင်း(Geophysical Survey) ဆောင်ရွက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး၍ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူတူးဖော်ပြုပြင်မည့် တောရကျောင်းကန်(တောင်ကျောင်းကန်)နှင့် ကန်သစ်ကန်(ပြဿဒ်ကန်)များအား ကြည့်ရှုစစ်ဆေးသည်။
    မတ်(၃)ရက် နံနက်ပိုင်းတွင် ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များသည် မင်္ဂလာကန်(၃) တောရှင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ရေပိုလွှဲ ရေထွက်လမ်းများကို ကွင်းဆင်းစစ်ဆေး၍ ထိုမှ တစ်ဆင့် ဇေယျာဝတီကန် တူးဖော် မှု စတင်ဆောင်ရွက်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော် နာကြားခြင်း အခမ်းအနားကို ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆည်မြောင်းနှင့် ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တက် ရောက် ၍ ပရိတ်တရားတော်များ နာကြား ကာ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
    ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ရှေးဟောင်းဇုန်များအတွင်းရှိ စေတီပုထိုး များအတွင်း ရေကြီးရေဝပ်မှု လျှော့ချနိုင်စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ ရှေးဟောင်းရေကန်များအား ပြန်လည်တူးဖော်ပေးခြင်းဖြင့် ပုဂံ ခေတ် ရေအသုံးချမှုစနစ်ကို ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပြီး မိုးရာသီကာလတွင် မိုးရေကို စုဆောင်းသို လှောင်နိုင်ကာ ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများ အား နွေရာသီကာလ သောက်သုံးရေ ရရှိစေခြင်း ဒေသစိမ်းလန်းစိုပြည်ရေးအတွက် အထောက်အကူပြုခြင်း အကျိုးကျေးဇူးများ ရရှိနိုင် မည်ဖြစ်ကြောင်း သိရသည်။