ရေလှောင်တမံများနှင့် ဆက်စပ်သည့် ရေကြီးမှုအန္တရာယ် အခြေပြမြေပုံထုတ်ခြင်း သင်တန်း နှင့် ဌာနတွင်းကွန်ပျူတာသင်တန်းအပတ်စဉ်(၂၃) သင်တန်းဆင်းပွဲအခမ်းအနား ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ(ပဲခူး)တွင် ကျင်းပ
  • Fri, 23 February 2024

ရေလှောင်တမံများနှင့် ဆက်စပ်သည့် ရေကြီးမှုအန္တရာယ် အခြေပြမြေပုံထုတ်ခြင်း သင်တန်း နှင့် ဌာနတွင်းကွန်ပျူတာသင်တန်းအပတ်စဉ်(၂၃) သင်တန်းဆင်းပွဲအခမ်းအနား  ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှုလေ့ကျင့်ရေးဌာနခွဲ(ပဲခူး)တွင် ကျင်းပ


ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန က ရေလှောင်တမံများနှင့် ဆက်စပ်သည့် ရေကြီးမှုအန္တရာယ် အခြေပြမြေပုံထုတ်ခြင်းသင်တန်း(Dam Break Flood Hazard Mapping Using HEC-RAS and QGIS)သင်တန်းနှင့် ဌာနတွင်းကွန်ပျူတာသင်တန်း အပတ်စဉ်(၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ကျင်းပသည်။သင်တန်းဆင်းပွဲအခမ်း အနားသို့ ဒေါက်တာမောင်မောင်နိုင်၊ ညွှန်ကြားရေးမှူး၊ ဆည်မြောင်းပညာရပ်ဖွံ့ဖြိုးမှု လေ့ကျင့်ရေး ဌာနခွဲ ၊ပဲခူးမှ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသူသင်တန်းသားများကို သင်တန်း ပြီးမြောက်ကြောင်းအသိအမှတ်ပြုလက်မှတ်များပေးအပ်ခဲ့ပါသည်။
    ပြောင်းလဲလာသည့်ရာသီဥတုဖြစ်စဉ်များကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးခေါင်ခြင်း စသည့်အခြေအနေများအပေါ် ရေလှောင်တမံ၊ ဆည်ကန်များ၏ ရေပြည့်မီစွာ သိုလှောင်နိုင်ရေး၊ ရေကြီးနစ်မြုပ်မှုကာကွယ်ရေးတို့ကို ဟန်ချက်ညီစွာဆောင်ရွက်နိုင်ရန် အရေး ကြီးပြီး ရေလှောင်တမံ၊ ဆည်၊ကန်များ၏ ရေသိုလှောင်နိုင်စွမ်း၊ ရေဝင်ရောက်နိုင်သည့် အခြေအနေများနှင့် တမံအောက်ဘက်ဒေသများတွင် ရေကြီးနစ်မြုပ်နိုင်မှုအခြေအနေ၊ ရေကြီးမှုလွတ်ကင်းနိုင်သည့် နေရာများ နှင့် ရေကြီးနစ်မြုပ်မှုအရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ထိခိုက်မှုအနည်းဆုံး ဖြစ်အောင်ဆောင်ရွက်ရမည့် အစီအစဉ်များ စီမံဆောင်ရွက်နိုင်ရေး ရေလှောင်တမံများနှင့် ဆက်စပ် သည့် ရေကြီးမှုအန္တရာယ်အခြေပြမြေပုံဖြင့် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရေလှောင်တမံများ နှင့် ဆက်စပ်သည့် ရေကြီးမှုအန္တရာယ် အခြေပြမြေပုံထုတ်ခြင်းသင်တန်း(Dam Break Flood Hazard Mapping Using HEC-RAS and QGIS)သင်တန်း ကိုဖွင့်လှစ်ခြင်းဖြစ်ပြီး ဌာနတွင်း ကွန်ပျူတာ သင်တန်းကို ဌာနတွင်းရှိ စာရေးဝန်ထမ်းများ ကွန်ပျူတာ အသုံးချမှု အခြေခံများ ရရှိနိုင်စေရန်နှင့် ရုံးလုပ်ငန်းများတွင် ကွန်ပျူတာအသုံးပြုမှုတွင်ကျယ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
    ရေလှောင်တမံများနှင့် ဆက်စပ်သည့် ရေကြီးမှုအန္တရာယ် အခြေပြမြေပုံထုတ်ခြင်း သင်တန်း(Dam Break Flood Hazard Mapping Using HEC-RAS and QGIS)သင်တန်း တွင် ဆည်တမံများ၏ ဘေးအန္တရာယ်ကျရောက်နိုင်မှု လေ့လာခြင်း ဘာသာရပ်များ နှင့် မြေပုံပြုလုပ် ရေးဆွဲခြင်း ဘာသာရပ်များ သင်ကြားပို့ချခဲ့ပြီး သင်တန်းသား ဦးစီးအရာရှိ(မြို့ပြ) (၂၅)ဦးမှ ရက်သတ္တပတ်(၂)ပတ်ကြာ သင်ကြားခဲ့ကြပါသည်။ ဌာနတွင်းကွန်ပျူတာသင်တန်းတွင် ကွန်ပျူတာ မိတ်ဆက်သင်ခန်းစာ၊ Microsoft Office Word(2016),Microsoft Office Excel(2016), Microsoft Powerpoint(2016)နှင့် Internet&Email သင်ခန်းစာများကို ဌာနတွင်း စာရေးဝန်ထမ်း (၁၉)ဦးမှ ရက်သတ္တပတ်(၂)ပတ်ကြာ သင်ကြားခဲ့ကြကြောင်းသိရှိရပါသည်။