- Tue, 24 February 2026
မြစ်သား ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ နယ် ကင်းတားတမံရေလွှဲဆည်မှ ဆည်ရေများကို ဖေဖော်ဝါရီ၂၃ ရက်မှစတင်ပြီး စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီဖြစ်ပါသည်။
နွေသီးနှံစိုက်ပျိုးရာသီအတွက် နွေစပါးနှင့် အခြားနွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးနေပြီး စိုက်ပျိုးရေး လုပ်ငန်းအတွက် ဆည်ရေပေးဝေမှုအနေဖြင့် ဆည်ရေသောက်သီးနှံများ | ဖြစ်သည့် နွေစပါး၊ နွေနှမ်းနှင့်အခြားနွေသီးနှံများအတွက် ဖေဖော်ဝါရီ ၂၃ ရက်မှ ဇွန် ၃၀ ရက်အထိ ဖြန့်ဝေပေးမည်ဖြစ်ရာ ဒေသခံ တောင်သူများက စိုက်ပျိုးရေများရယူသုံးစွဲရာတွင် ဆည်ရေလေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျရယူသုံးစွဲကြရန် ကြိုတင်အသိပေး နှိုးဆော်ထားလျက်ရှိပါသည်။
