ပေါင်မြို့နယ်၌ နွေစပါးစိုက်ပျိုးရေပေးဝေရေးဆိုင်ရာဆွေးနွေး
  • Fri, 29 November 2024

ပေါင်မြို့နယ်၌ နွေစပါးစိုက်ပျိုးရေပေးဝေရေးဆိုင်ရာဆွေးနွေး


        မွန်ပြည်နယ် ပေါင်မြို့နယ်၌ ကတိုက်ရေလှောင်တမံဆည်ရေသောက်စနစ် (၂၀၂၄-၂၀၂၅) ခုနှစ် နွေစပါးစိုက်ပျိုးရေပေးဝေရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက ဖြူဘ ကျေးရွာ တောင်သူအသိပညာပေးခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဠ ဦးရဲနိုင်က အမှာစကားပြောကြားသည်။ ဆက်လက် ၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၆) မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်အောင်ဗိုလ်က ဆည်ရေညီညွတ်မျှတစွာရရှိရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကတိုက်ရေလှောင်တမံတွင် ရေသိုလှောင်ပမာဏ ဧကပေ ၅၇၂၃၀ သိုလှောင်ထားပြီး နွေစပါးဧရိယာ ဧက ၁၆၅၀၀ ကိုဒီဇင်ဘာ ၁ ရက်မှစတင်၍ စိုက်ပျိုးရေပေးဝေနိုင်ရန် ဆည်မြောင်း နှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး (၆) သထုံမြို့က စီမံဆောင်ရွက်လျက် ရှိပါသည်။