- Sun, 29 September 2024
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်မှု သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့သော သီးနှံစိုက်ခင်းများ ရာသီချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ရေကြီးနစ်မြုပ်မှု ကင်းလွတ်ဧရိယာများရှိ သီးနှံများ အထွက်နှုန်းကောင်းမွန်စေရေးတို့အတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင် စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာရှိ ရေတင် စက်ရုံ၊ ရေပေးမြောင်း၊ ရေသွင်းမြောင်းများနှင့် ရှားတော၊ ဂွေးပင်နှင့် ရေအေးကျေးရွာများရှိ မိုးစပါး အပါအဝင် သီးနှံစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှားတောကျေးရွာ ငရုတ်စိုက်ကွင်း၌ တောင်သူများ ငရုတ်ဆွတ်ခူးနေမှုကို ကွင်းဆင်းကြည့်ရှုကာ ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် တောင်သူများ၏ ဝင်ငွေအခြေအနေများကို ခင်မင်ရင်းနှီးစွာ မေးမြန်းပြီး အားပေးစကားပြောကြား သည်။ ဆက်လက်၍ ရှားတောကျေးရွာ ဆိုလာစနစ် ရေတင်စခန်းထိခိုက်ခဲ့မှုအခြေအနေကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား ရေတင်လုပ်ငန်းကို တစ်ပတ်တစ်ကြိမ်ရေတင်ပေးခြင်းဖြင့် စက် ပုံမှန်လည်ပတ်ကောင်းမွန်ရေး စီမံရန် လိုအပ်ကြောင်း၊ လာမည့် ဆောင်းသီးနှံနှင့် နွေသီးနှံစိုက်ပျိုး ရာသီတွင် ရေပေးဝေမှုအဆင်ပြေချောမွေ့စေရေးအတွက် ရေပေးမြောင်းတစ်လျှောက် နုန်းဆယ်ယူ ခြင်း၊ မြောင်းဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် စိုက်ခင်းရေသွင်းမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေအသုံးချသူအဖွဲ့တောင်သူများ စုပေါင်းဆောင်ရွက်ရေး နှိုးဆော်စည်းရုံး ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှားတော၊ ဂွေးပင်နှင့် ရေအေး ကျေးရွာများရှိ မိုးစပါးအပါအဝင် သီးနှံစိုက်ခင်းများကို ကွင်းဆင်းကြည့်ရှုပြီး တာဝန်ရှိသူများအား တွေ့ဆုံ၍ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် ဧရိယာများတွင် ရာသီအချိန်မီ ပြန်လည်စိုက်ပျိုး ခဲ့ကြသည့် မိုးစပါးစိုက်ခင်းများကို အနီးကပ်စောင့်ကြည့်ကူညီပေးရန်၊ မိုးစပါးပြန်လည်စိုက်ပျိုးနိုင် ခြင်းမရှိသည့် ဧရိယာများတွင် အခြားသီးနှံတစ်မျိုးမျိုး စိုက်ပျိုးနိုင်စေရေး ကူညီဆောင်ရွက်ပေးရန်၊ သဲဖုံး၊ နုန်းဖုံးဧရိယာများမှ တောင်သူများ၏ ဆောင်းသီးနှံစိုက်ပျိုးရာသီအမီ သဲနုန်းများ ဖယ်ရှား ရှင်းလင်းခြင်းကို စက်မှုလယ်ယာဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ် ဆက်၍ လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေး စီမံပေးရန်၊ ရေကြီးရေလျှံမှုဖြစ်ပေါ်ရာဒေသ ၏ အထက်ဘက်တွင် ရွှေသတ္တုကဲ့သို့ သတ္တုတူးဖော်ခြင်းလုပ်ငန်းများရှိသဖြင့် ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ခင်းများ၌ ဓာတုဓာတ်ကြွင်းများ ကျန်ရှိနိုင်မှုကြောင့် မြေဆီလွှာဓာတ်ခွဲဆောင်ရွက်နေမှုများ၏ ရလဒ်အဖြေရရှိချိန်တွင် အမြန်ဆုံးတင်ပြပြီး လိုအပ်ပါက မြေပြုပြင်မှုလုပ်ဆောင်ရန် စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်မှုမရှိခဲ့သည့် ဧရိယာများရှိ သီးနှံအားလုံးအထွက်နှုန်းတိုးတက် အောင် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည် ထောင်စုနယ်မြေ နေပြည်တော်၏ နှစ်စဉ် စိုက်ပျိုးထုတ်လုပ်နိုင်မှုပမာဏ ကျဆင်းမသွားစေရေး စနစ်တကျစီမံဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။