- Sun, 29 September 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦး ၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူ များ လိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့မှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပေါင်းလောင်း(အဝေရာဆည်) လက်ယာရေပေးမြောင်းမကြီး၌ ရေတိုက်စားခံရမှုကြောင့် မြောင်းတာပေါင် ကျိုးပေါက်ခဲ့သည့် နေရာများအား ပြန်လည်ပြင်ဆင်ခြင်း ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။
ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း ၊ ရေနုတ်မြောင်းများ ရေဝင်ရေထွက် ကောင်းမွန်စေရေး ပြန်လည်တူးဖော်သွားရန်လိုကြောင်း၊ ရေနုတ်မြောင်းများ ပြန်လည်တူးဖော် ဆောင်ရွက်ရာတွင် တစ်နေရာတည်းဆောင်ရွက်၍ မရဘဲ အဆင့်ဆင့် ရေစီးဆင်းမှု ကောင်းမွန် အောင်နေရာစုံ၌ ဆောင်ရွက်သွားရန်လိုကြောင်း ရေမြောင်း၊ တူးမြောင်းများ၌ ရေဝင်ရေထွက် ကောင်းမွန်စေရန် နှစ်စဉ်စစ်ဆေးမှုများ ပြုလုပ်ရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များ မှာကြားခဲ့ပါသည်။