နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ ၄ ဒသမ ၁ ပေ ဆက်လက်ရေကျော်ကျလျက်ရှိ
  • Mon, 23 September 2024

နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ ၄ ဒသမ ၁ ပေ ဆက်လက်ရေကျော်ကျလျက်ရှိ


    မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စက်တင်ဘာလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာ ၂၂ ရက် နံနက် ၆ နာရီတွင် ဆည်ရေ တိုင်းထွာချက်အရ ရေပြည့်အမှတ်ထက် ဆက်လက် ရေကျော်ကျလျက်ရှိသည်။    
       နတ်မောက်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ၆၈၃ ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ၆၈၇ ဒသမ ၁ ပေရှိသည့်အတွက် ရေပိုလွှဲမှ ၄ ဒသမ ၁ ပေ ရေကျော်ကျလျက်ရှိပြီး ဆည်၏ ဆက်စပ်အဆောက်အအုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာ အခြေအနေမရှိကြောင်းနှင့် ဆည်အောက်ပိုင်း ချောင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိပါသည်။