နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ ၄ ဒသမ ၅ ပေ ရေကျော်ကျလျက်ရှိ
  • Sun, 22 September 2024

နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ ၄ ဒသမ ၅ ပေ ရေကျော်ကျလျက်ရှိ


မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ စက်တင်ဘာလဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် စက်တင်ဘာလ ၂၁ရက် နံနက် ၉နာရီတွင် ဆည်ရေ တိုင်းထွာချက်အရ ရေပြည့်အမှတ် ထက် ရေကျော်ကျလျက်ရှိပါသည်။

နတ်မောက်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် ၆၈၃ပေ ဖြစ်ပြီး လက်ရှိရေမှတ်မှာ ၆၈၇ ဒသမ ၅ပေရှိသည့်အတွက် ရေပိုလွှဲမှ ၄ ဒသမ ၅ ပေ ရေကျော်ကျလျက်ရှိရာ  ဆည်၏ဆက်စပ် အဆောက်အအုံများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အောက်ပိုင်းချောင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိပါသည်။