နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး
  • Mon, 16 September 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး


 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက် အတွင်းရေးမှူးဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ  အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍  နေပြည်တော်ကောင်စီနယ်မြေအတွင်းမိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကင်းသာရေထိန်းတမံတွင် ရေအလုံးအရင်းဝင်ရောက်ခဲ့၍ ထိခိုက်ပျက်စီးခဲ့မှုအပေါ် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    ထို့နောက် နိုင်ငံတော်ကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကင်းသာလမ်းခွဲမှတစ်ဆင့်  ကင်းသာအုပ်စု၊ ၃ မိုင် ကျေးရွာအနီးရှိ ကင်းသာရေထိန်းတမံသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာ  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် တာဝန်ရှိသူများက  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကင်းသာချောင်းတစ်လျှောက် တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းခဲ့မှုနှင့် တမံအပေါ်မှ ရေ ၃ ပေ ခန့်ကျော်ကျခဲ့မှု၊ သစ်တုံးကြီးများနှင့် နုန်းအသစ်များ၊ သဲများ တမံအတွင်း အများအပြားဝင်ရောက်၍  သောင်ထွန်းနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

    ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကင်းသာတမံအတွင်း သောင်ထွန်းနေမှု၊ တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဝင်ခဲ့မှုကြောင့် တမံကျိုးပေါက်နေမှု၊ သစ်ပင်သစ်တုံးကြီးများတမံအတွင်း ပိတ်ဆို့နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ ချောင်းအထက်ပိုင်း၌ သစ်ပင်များကို အများအပြားထုတ်ယူခြင်းကြောင့် ရေစီးဆင်းမှုနှုန်းကို ထိန်းသိမ်းနိုင်စွမ်းအားနည်းလာကာ ယခုကဲ့သို့ မိုးအဆက် မပြတ်ရွာသွန်းချိန်တွင် ရေအလုံးအရင်းဖြင့် စီးဆင်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ သစ်ပင်သစ်တုံးများကို ခုတ်ယူပြီး ချောင်းကမ်းနဖူးများတွင် စုပုံထားခြင်းကြောင့် ရေစီးနှင့် အတူမျောပါလာသည့် သစ်တုံးကြီးများ၏ ရိုက်ခတ်မှုများကြောင့် ရေလမ်းကြောင်းတစ်လျှောက် ထိခိုက်ပျက်စီးမှုများနှင့် တမံကျိုးပေါက်ခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ရေလမ်းကြောင်းရှင်းလင်းခြင်းလုပ်ငန်းများ၊ တမံအတွင်း ပြည့်နှက်နေသည့် နုန်းများ၊ သဲများကို ဖယ်ထုတ်ခြင်းလုပ်ငန်းများကို  အဆင့်လိုက် ဆောင်ရွက်သွားရန်လိုကြောင်း ၊ ကနေဦးအနေဖြင့် အပျက်အစီးများ ရှင်းလင်းခြင်းလုပ်ငန်းများနှင့် တမံဧရိယာပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများကို  ဦးစွာဆောင်ရွက်ရန် လိုအပ်ပြီး ထိုသို့ ဆောင်ရွက်ပြီးမှသာလျှင် ကျိုးပေါက်နေသည့် တမံနေရာများစနစ်တကျဖြင့် ပြန်လည်ပြုပြင်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

    အဆိုပါ ကင်းသာရေထိန်းတမံသည် ၁၉၉၄-၁၉၉၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည့် မြေသားတမံအမျိုးအစားဖြစ်ပြီး တမံအတွင်း (၇၂)ဧကပေသာသိုလှောင်ထိန်းသိမ်းနိုင်သည့် ရေထိန်းတမံငယ်ဖြစ်ကြောင်း၊ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှုများပြားပြီး ကင်းသာရေထိန်းတမံအတွင်း ရေဝင်ရောက်မှုများပြားခဲ့သဖြင့် တမံထိပ်မျက်နှာပြင်မှ ၃ပေအထိ ရေကျော်စီးဆင်းခဲ့ကာ တမံ၏ ရေထုတ်ပြွန်အနီးတွင် ရေတိုက်စားမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ တမံအတွင်းသိုလှောင်နိုင်သည့် ရေပမာဏထက် ၁၂ဆ ခန့်ရှိသည့်  တောင်ကျချောင်းရေများဝင်ရောက်ခဲ့ခြင်း၊ တောင်ကျချောင်းရေနှင့်အတူ သဲနှုန်းပို့ချခြင်းများရှိခဲ့ခြင်းတို့ကြောင့်  တမံမှရေသိုလှောင်နိုင်ခြင်းမရှိတော့ဘဲ မြေသားပေါင်ထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကင်းသာသစ်ဆိပ်မှ သစ်လုံးကြီးများ သည် လည်းရေစီးကြောင်းအတိုင်းမျောပါခဲ့ပြီး  ရေထိန်းတမံအား အရှိန်အဟုန်ဖြင့် ဝင်ဆောင့်ခဲ့မှုများကြောင့် တမံထိခိုက်ပျက်စီးခဲ့ရခြင်းဖြစ်ပါသည်။