ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
  • Fri, 13 September 2024

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


        ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)၊ ရန်ကုန်တိုင်းဒေသကြီးမှ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လအထိ) အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေ (ငွေလုံးငွေရင်း)ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း ဆောင်ရွက်မည့် မအူကမ်းပတ်တာ တည်ဆောက်ခြင်း လုပ်ငန်းအား (မြန်မာကျပ်ငွေဖြင့်) ဆောင်ရွက်ရန် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
    (၁)    တင်ဒါပုံစံရောင်းချမည့်ရက်                 -    ၁၆-၉-၂၀၂၄ ရက်နေ့မှ
                                                                        ၂၆-၉-၂၀၂၄ ရက်နေ့အထိ
    (၂)    တင်ဒါလျှောက်လွှာတင်သွင်းရမည့်
            နောက်ဆုံးရက်/အချိန်                        -    ၂၆-၉-၂၀၂၄ ရက်ထိ
                                                                   -    ညနေ (၄:၀၀) နာရီ နောက်ဆုံးလက်ခံပါမည်။
    (၃)    တင်ဒါဖွင့်လှစ်မည့်ရက်/အချိန်             -    ဆက်သွယ်အကြောင်းကြားပါမည်။
    (၄)    တင်ဒါပုံစံရယူနိုင်မည့်နေရာ                -    ငွေစာရင်းဌာနစိတ်၊  ညွှန်ကြားရေးမှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့။
    (၅)    တင်ဒါဖွင့်မည့်နေရာ                          -    ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့။
    အသေးစိတ်သိရှိလိုသော အချက်အလက်များကို အထက်ဖော်ပြပါ လိပ်စာရှိ ရုံးနှင့် လုပ်ငန်းတည်ရှိရာ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်မြို့ ရုံးများသို့ လာရောက်စုံစမ်းနိုင်ပြီး ဖုန်း ၀၁-၅၇၇၅၅၃၊ ၀၁-၂၃၃၆၄၀၂၊ yangonregion7@gmail.com တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါကြောင်းနှင့် ဖော်ပြပါရက် များ ပြောင်းလဲပါက ကြိုတင်၍ ထပ်မံအသိပေးအကြောင်းကြားပါမည်။