လျှောက်လွှာခေါ်ယူခြင်း
  • Thu, 22 February 2024

လျှောက်လွှာခေါ်ယူခြင်း


၁။    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာန (တိုင်းဒေသကြီး/ပြည်နယ်) များတွင် ခန့်ထားရန် အောက်ဖော်ပြပါ ရာထူးနေရာများ အတွက် လျှောက်ထားနိုင်ပါသည် -
စဉ်    ရာထူး/လစာနှုန်း(ကျပ်)                                ရာထူး                ပညာအရည်အချင်း
(က)    ဒု-လက်ထောက်ဦးစီးမှူး(မြို့ပြ)                (၁၇) နေရာ            BE Civil /B.Tech (Civil)/
          ကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)              ကျား (၁၃)           AGTI/EGTI(Civil)/
                                                                           မ(၄)                 THS (Civil)
(ခ)    ပုံဆွဲ(၄)                                                    (၂၁)နေရာ             BE Civil/B.Arch/
         ကျပ် (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)                                          B.Tech(Civil)/AGTI/ EGTI(Civil)/ THS (Civil)
(ဂ)    စာရင်းကိုင် (၄)                                        (၁၀)နေရာ              B.com/DA/B.BSc/
        ကျပ်(၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)                                            Grade – III/LCCI – III
၂။    အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည် -
    (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
    (ခ)     လျှောက်လွှာပိတ်ရက်တွင် အသက် (၃၀) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
    (ဂ)    နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
    (ဃ)   ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
    (င)    အနည်းဆုံးလုပ်သက်တစ်ဆက်တည်း (၃) နှစ်တာဝန်ထမ်းဆောင်ရမည်။
            (ပျက်ကွက်ပါက ဌာနမှ သတ်မှတ်ထားသော လျော်ကြေးငွေကျပ် (၁၀) သိန်းပေး လျော်ရမည်ဖြစ်ပါသည်။)
    (စ)    ကွန်ပျူတာအခြေခံတတ်ကျွမ်းရမည်။
၃။    လျှောက်လွှာတွင်ပါရှိသော အချက်အလက်များကို ပြည့်စုံစွာ ဖော်ပြရမည်။
၄။    လျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာတမ်းများ ပူးတွဲပါရှိရမည် -
    (က)    တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ (သို့မဟုတ်) ကျောင်းထောက်ခံစာ (အသက်အထောက်အထားအတွက်)
    (ခ)    ဘွဲ့လက်မှတ်မိတ္တူ(သို့) အောင်မြင်ကြောင်း ထောက်ခံချက်မိတ္တူ
    (ဂ)    အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ ရဲစခန်း ထောက်ခံစာမူရင်း
    (ဃ)    လိုင်စင်ဓာတ်ပုံ(၂)ပုံ (၂ လအတွင်း ရိုက်ကူးထားသော)
    (င)    ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာမူရင်း
    (စ)    အလုပ်သမားမှတ်ပုံတင်မိတ္တူ
    (ဆ)    နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ
    (ဇ)    ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ဌာနဆိုင်ရာ ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း
၅။    လျှောက်ထားသူများသည် ကိုယ်တိုင်ရေးလျှောက်လွှာ (CV Form) အား ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)၊ စီမံရေးရာဌာနခွဲ၊ ရုံးအမှတ်(၁၅)၊ နေပြည်တော်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)၊ စီမံရေးရာဌာနခွဲ၊ စီမံ(၄)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး၊ မန္တလေးမြို့တို့သို့ ၆-၃-၂၀၂၄ ရက် နောက်ဆုံးထား ပေးပို့ရမည်။
၆။    လျှောက်ထားသူသည် ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါအတိုင်း နေပြည်တော်၊ ရန်ကုန် မြို့၊ မန္တလေးမြို့တို့တွင် ဖြေဆိုရမည်ဖြစ်ပါသည်-
        မြန်မာစာ                    (၂) နာရီမေးခွန်း        (၁၁-၃-၂၀၂၄) ရက်        (၀၉:၀၀) နာရီ
        အင်္ဂလိပ်စာ                 (၂) နာရီမေးခွန်း        (၁၁-၃-၂၀၂၄) ရက်        (၁၃:၀၀) နာရီ
        အထွေထွေဗဟုသုတ    (၂) နာရီမေးခွန်း        (၁၂-၃-၂၀၂၄) ရက်        (၀၉:၀၀) နာရီ
၇။    ရေးဖြေစာမေးပွဲကို ၁၁-၃-၂၀၂၄ ရက် နံနက် (၀၉:၀၀) နာရီတွင် စတင်ဖြေဆိုရမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်ကတ်များကို ၇-၃-၂၀၂၄ ရက်မှ ၈-၃-၂၀၂၄ ရက်ထိ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်)၊ စီမံရေးရာဌာနခွဲ၊ ရုံးအမှတ်(၁၅)၊ နေပြည်တော်၊ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်)၊ စီမံရေးရာဌာနခွဲ၊ စီမံ(၄)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူး ရုံး၊ မန္တလေးမြို့တို့တွင် ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ရေးဖြေအောင်မြင်သူများအား လူတွေ့ စစ်ဆေးခြင်းကို အကြောင်းကြားမည်ဖြစ်ပါသည်။ လူတွေ့ စစ်ဆေးချိန်တွင် အပိုဒ်(၄)ပါ စာရွက်စာတမ်းမူရင်းများ တင်ပြရမည်။
၈။    ပြည့်စုံခြင်းမရှိသော၊ အချိန်မီရောက်ရှိလာခြင်းမရှိသော လျှောက်လွှာများအား လက်ခံ စဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို ဖုန်း - ၀၆၇-၄၁၀၅၃၉၊ ၀၆၇-၃၄၁၀၁၈၈၊ ၀၁-၅၇၈၇၈၅ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (အကြောင်း အမျိုးမျိုးကြောင့် နေ့ရက်၊ အချိန် ပြောင်းလဲမှုဖြစ်ပေါ်ပါက ထပ်မံအကြောင်းကြားပါမည်။)