ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ငလိုက်ရေလှောင်တမံနှင့် ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်ရေး၊ ပေါင်းလောင်းရေပိုလွှဲတွင် တပ်ဆင်ထားသော HED (Hydraulic Elevator Dam) စမ်းသပ်မောင်းနှင်မှု ကြည့်ရှုစစ်ဆေး
  • Sun, 25 August 2024

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ငလိုက်ရေလှောင်တမံနှင့် ပေါင်းလောင်းရေလှောင်တမံ ကြံ့ခိုင်ရေး၊ ပေါင်းလောင်းရေပိုလွှဲတွင် တပ်ဆင်ထားသော HED (Hydraulic Elevator Dam) စမ်းသပ်မောင်းနှင်မှု ကြည့်ရှုစစ်ဆေး


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ် ကျော်သည် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရသီရိမြို့နယ် ကျွဲရှင်းရွာအနီး တမံအလျား ပေ ၃၉၈၀၊ တမံအမြင့် ၈၂ ပေ အကျိုးပြုဧရိယာ ၁၇၇၈၄ ဧကရှိသည့် ငလိုက်ရေလှောင်တမံသို့ ရောက်ရှိစစ်ဆေးပြီး လက်ရှိရေသိုလှောင်ပမာဏ ၅၈၉၇၄ ဧကပေ သိုလှောင်ထားပြီး၍ မကြာမီရက်များအတွင်း ကန်ရေပြည့်အမှတ်သို့ ရောက်ရှိမည်ဖြစ်ရာ ကြိုတင်ဆောင်ရွက်ရမည့် ရေလှောင်တမံ ဘေးကင်းလုံခြုံရေးလုပ်ငန်းများ အထူးအလေးထားစီမံ ဆောင်ရွက်ရန်၊ ရေပိုလွှဲကြံ့ခိုင်မှုအခြေအနေနှင့် ရေပိုလွှဲမှ ရေစီးဆင်းနိုင်သည့် လမ်းကြောင်း တစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေးဆောင်ရွက်ရန်၊ ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုစစ်ဆေးရန်၊ မိုးစပါးလျာထားဧကပြည့်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ နှင့် နွေစပါး/အခြားသီးနှံများ စိုက်စွမ်းအားပြည့် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး စနစ် တကျစီမံဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
    ထို့နောက် ငလိုက်ရေလှောင်တမံနှင့် ရေပိုလွှဲတို့၏ ကြံ့ခိုင်မှုအခြေအနေ၊ ရေထုတ်ပြွန် အခြေအနေ၊ ရေသိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေအရင်းအမြစ်များ အလေအလွင့်နည်းပါးပြီး ရေရှည်အကျိုးရှိစွာ အသုံးချနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
    ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ် ပေါင်းလောင်းရေလှောင် တမံသို့ ရောက်ရှိပြီး တမံကြံ့ခိုင်ရေး၊ ရေပိုလွှဲကြံ့ခိုင်ရေး၊ မူလကန် ရေပြည့်ရေသိုလှောင်ပမာဏထက် ရေလှောင်ပမာဏ ၂၁၀၀၀ ဧကပေခန့် ပိုမိုသိုလှောင်ပြီး နှစ်စဉ် လျှပ်စစ်ယူနစ် ရှစ်သန်း ပိုမိုထုတ်လုပ်ရန် ရေပိုလွှဲတွင် တပ်ဆင်ထားသော HED (Hydraulic Elevator Dam) စမ်းသပ်မောင်းနှင်မှုကို ကြည့်ရှုစစ်ဆေးသည်။
    ထို့နောက် HED ရေတံခါးများ ဖွင့်ခြင်း၊ ပိတ်ခြင်းများကို စမ်းသပ်မောင်းနှင် ပြသရာ ဒုတိယဝန်ကြီးက တမံအတွင်း စီးဝင်ရေကို ဂရုစိုက်စောင့်ကြည့်၍ HED ရေတံခါးများကို လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်၊ HED ရေတံခါးနှင့် ဆက်စပ်ပစ္စည်းများ အမြဲကြံ့ခိုင်မှု စစ်ဆေးရန်၊ တမံကြံ့ခိုင်ရေးနှင့် လုံခြုံရေးတို့ကို စဉ်ဆက်မပြတ် သတိထားစောင့်ကြည့်ကြရန် ဆွေးနွေးမှာကြား ခဲ့ပါသည်။