ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိရေလှောင်တမံများအား ကြည့်ရှုစစ်ဆေး
  • Sun, 28 July 2024

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိရေလှောင်တမံများအား ကြည့်ရှုစစ်ဆေး


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင် တမံများ၏ကြံ့ခိုင်မှုအခြေအနေများ၊ ရေသိုလှောင်ထားရှိမှု၊ ရေပိုလွှဲမှ ရေထုတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအနီးရှိ မမြရေလှောင်တမံစီမံကိန်းသို့ ရောက်ရှိခဲ့ရာ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ  ခုနှစ်အလိုက် မိုးရေချိန်လက်မ၊ ပင်မရေပိုလွှဲမှ ရေ ကျော်သည့် အမြင့်ဆုံးရေမှတ်၊ အမြင့်ဆုံးပေ၊ ရေကျော်သည့်ရက်၊ ၂၀၁၈ ခုနှစ်တွင် မမြဆည် ရေပိုလွှဲမှ အမြင့်ဆုံးရေကျော်ခဲ့မှုနှင့် (ယနေ့) ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် မမြဆည်ရေပိုလွှဲမှ ရေကျော်စီးဆင်းမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရေပိုလွှဲမှ ရေကျော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ် သည်များ မှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ တပ်ကုန်းကျေးရွာ အနီးရှိ ကညင်ရေလှောင်တမံစီမံကိန်းသို့ သွားရောက်၍ ပင်မရေပိုလွှဲမှ နှစ်အလိုက် ရေကျော်မှုများ ကို ကြည့်ရှုစစ်ဆေးရာ ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက တာဝန်ရှိသူများမှ ကညင်ဆည် ရေပိုလွှဲမှ ဇူလိုင် ၂၇ ရက် မွန်းလွဲ ၃ နာရီ တွင် ကညင်ဆည်ရေပိုလွှဲထိပ်မှ ရေကျော်စီးဆင်းမှု အခြေအနေများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေလှောင်တမံရေပိုလွှဲက ရေကျော်နေမှုကို စောင့်ကြည့်မှတ်တမ်းထားရှိရန်၊ အချိန်နှင့်တစ်ပြေးညီတင်ပြရန်၊ ရေလှောင်တမံကြံ့ခိုင်ရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ပါသည်။