ရန်ကုန်နှင့်ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တာတမံများကြံ့ခိုင်မှုနှင့် ရေဘေးကြိုတင်ကာကွယ်မှု ကြည့်ရှုစစ်ဆေး
  • Tue, 23 July 2024

ရန်ကုန်နှင့်ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တာတမံများကြံ့ခိုင်မှုနှင့် ရေဘေးကြိုတင်ကာကွယ်မှု ကြည့်ရှုစစ်ဆေး


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသို့ ရောက်ရှိ ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
    တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြစ်ရေတားတာတမံနှင့် ရေလှောင်တမံများ၏ ရေဘေး ကာကွယ်ရေးဆိုင်ရာ အစီအမံများနှင့်သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု ဆိုင်ရာများ၊ အရေးပေါ်ပစ္စည်းများကို လိုအပ်သည့် နေရာများသို့ အချိန်နှင့်တစ်ပြေးညီ ဖြည့်စွက် ထားနိုင်ရေး ကြိုတင်စီစဉ်ထားရှိရန်၊ တာတမံနှင့် ရေလှောင်တမံများ ကြံ့ခိုင်မှုအတွက် ပြုပြင် ထိန်းသိမ်းထားရှိ ပြီး ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံများ ဆောင်ရွက်ထားရန် လိုအပ်ချက်များ၊ ဌာနပိုင်စက်ယန္တရားများ၊ မြစ်ရေတင်လုပ်ငန်းများနှင့် ဆက်စပ်သည့် ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိ စေရေး လေး ထားဆောင်ရွက်ကြရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။
    ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်ရှိ ဧရာဝတီ အရှေ့ဘက်ကမ်း အဖျောက်တာ၊ နှစ်စဉ်ဧရာဝတီမြစ်ကမ်း ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ဧရာဝတီ အရှေ့ဘက် ကမ်း အဖျောက်တာရှိ ရေကင်းစခန်းများနှင့် ရပ်ကွက်/ကျေးရွာရေကင်းစခန်းများတွင် အရေးပေါ်ပစ္စည်းများ ကြိုတင်စုဆောင်းထားရှိမှု၊ ရေလေးကြိုတင်ကာကွယ်မှု လုပ်ငန်းဆောင်ရွက် နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
    ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မြစ်ရေတိုက်စားမှုနှင့် မြစ်ရေဖြင့် အချိန် ကြာမြင့်စွာ ထိတွေ့မှုကြောင့် တာအိခြင်း၊ တာလျှောခြင်း၊ ရေပေါက်(ထူးပေါက်)များ ဖြစ်ပေါ်တတ်သဖြင့် နေ့ညမ ပျက် ရေကင်းလှည့်ဇယားများဖြင့် ကြည့်ရှုစစ်ဆေးကြရန်၊ လိုအပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနများ၊ ရပ်ကွက်/ကျေးရွာအစုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်၍ အချိန်နှင့် တပြေးညီ ပြု ပြင်ထိန်းသိမ်း ဆောင်ရွက်ကြရန်မှာကြားပြီး လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
    ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးရုံးသို့ ရောက်ရှိပြီး ဌာနဆိုင်ရာဝန် ထမ်းများနှင့် တွေ့ဆုံကာ ရေဘေးကာကွယ်ရေး တာတမံများ ကြံ့ခိုင်မှုရှိစေရေး၊ ရေဘေးကာကွယ်ထားရှိမှု ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် ပေါ့ဆမှုမရှိစေရေး အတွက် သက်ဆိုင် ရာ တာဝန်ရှိသူ အဆင့်ဆင့်က ဘက်ပေါင်းစုံမှ အထူးဂရုပြု အလေးထား ဆောင်ရွက်ကြရန်၊ သီးနှံစိုက်ခင်းများ ရေနစ်မြုပ်၍ သီးနှံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာပါက အမြန်ဆုံးပြန်လည် စိုက်ပျိုး နိုင်ရေးအတွက် သက်တမ်းတိုအရန်မျိုးစပါးများ အသင့်စုဆောင်းခြင်း၊ ဖြန့်ဖြူးခြင်း၊ ပိုးမွှားရောဂါကျရောက်မှု ကြိုတင်ကာကွယ်ရေး နည်းလမ်းများ ဖြန့်ဝေပေးခြင်း၊  အပင်ရောဂါကာကွယ် ကုသ ဆေးများ၊ တိရစ္ဆာန်များ အသက်ဘေးအန္တရာယ် ကာကွယ်နိုင်ရေး တိရိစ္ဆာန်အသက်ကယ်ကုန်းများ ပြင်ဆင်ထားရှိခြင်း၊ ရေလွတ်ရာနေရာများသို့ အချိန်မီပြောင်းရွှေ့ ခြင်း၊ တိရစ္ဆာန် နာမကျန်းဖြစ် ပွားပါက ကုသရန်လိုအပ်မည့် ဆေးဝါးများ၊ ကာကွယ်ဆေးများ၊ တိရစ္ဆာန် ဖြည့်စွက်အစာများ ကြိုတင်စုဆောင်းထားရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။