- Mon, 22 July 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းတွင် မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအနီးရှိ မမြရေလှောင်တမံ စီမံကိန်းနှင့် အင်္ဂပူမြို့နယ် တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံစီမံကိန်း တို့၏ ဆည်ရေသောက်ဧရိယာတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် တာဝန်ရှိသူများက မမြရေလှောင်တမံစီမံကိန်း ဆည်ရေသောက် စနစ်ရှိ စိစစ်ပြီး ၈၃၆၉ ဧကမှ နွေစပါးဧက ၅၂၀၀ ကျော်နှင့် အခြားသီးနှံဧက ၃၀၀၀ ကျော် စိုက်ပျိုး ပြီးစီးခဲ့မှု၊ ကညင်ရေလှောင်တမံ ရေသောက်စနစ်ရှိ စိစစ်ပြီး ၁၈၄၆၂ ဧကမှ နွေစပါးဧက ၁၂၀၀၀ ကျော်နှင့် အခြားသီးနှံစိုက်ပျိုးဧက ၆၀၀၀ ကျော် စိုက်ပျိုးပြီးစီးခဲ့မှု ရေလှောင်တမံများ ဘေးကင်း လုံခြုံမှုဆိုင် ရာ ဆောင်ရွက်ထားရှိမှု၊ စက်ယန္တရားရရှိအသုံးပြုမှု၊ နှစ်အလိုက် ဝင်ရေစုဆောင်းနိုင်မှုနှင့် စိုက်ပျိူးရေအကျိုးပြုနိုင်မှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး သီး နှံပုံစံများ ရေးဆွဲ၍ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့ပါ သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ညောင်တုန်းမြို့နယ်ရှိ ဧရိယာ ၆၇၃၃၄ ဧကကို ရေဘေးကာကွယ်ပေးသည့် အလျားတာမိုင် ၃၂ မိုင်ရှိ ညောင်တုန်းကျွန်းတာနှင့် မအူပင်မြို့နယ်ရှိ ဧရိယာ ၃၇၈၈၇ ဧကကို ရေဘေးကာကွယ်ထားရှိသည့် တာမိုင် ၂ မိုင် ၇ ဖာလုံရှိ နတ်ပေးရေကင်း စခန်းကိုလည်းကောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ညောင်တုန်းမြို့ ပန်းလှိုင်မြစ်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ညောင်တုန်းကမ်းဘက်တာ(စည်ပင်တာ) ပေတိုင် ၁၁၄၀၀ ပေရှိ တာတမံ ရေစိမ့် ထွက်မှုအတွက် ကာကွယ်ထားရှိမှုကို လည်းကောင်း၊ အရေးပေါ်ပစ္စည်းများ စုဆောင်း ထားရှိမှု၊ တာတမံလုပ်သားများ ခန့်အပ်ထားရှိမှုနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင် ရာဌာန များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်-ပုသိမ်ကားလမ်းပေါ်ရှိ မဲဇလီရေထိန်းတံခါး (၂)သို့ ရောက်ရှိပြီး မိုးရာသီတွင် ပန်းလှိုင်မြစ်အတွင်းသို့ သဲနုန်းများ ဝင်ရောက်မှုကို တားဆီးပေးနိုင်ရေးနှင့် မြစ်ကြောင်းတိမ်ကောမှုကို ကာကွယ်တားဆီးပေးနိုင်ရေး၊ မိုးရာသီရေကြီးနစ်မြုပ်မှုကို လျော့နည်းစေရေးနှင့် နွေရာသီတွင် နွေစပါးဧက ၉၀၀၀ ခန့်ကို ရေချိုအကျိုးပြုနိုင်ရေး ဆောင်ရွက် ထားရှိမှု၊ မဲ ဇလီရေထိန်းတံခါး တည်ဆောက်ပြီးစီးသည့်နှစ်မှစ၍ မိုးရာသီတွင် မြစ်ရေဝင်ရောက်ခြင်း ကို ကာကွယ်တားဆီးပေးနိုင်သည့်အတွက် ညောင်တုန်းကျွန်း၊ တက်သစ်ကျွန်း၊ အရွဲကွင်းနှင့် ရွှေမယင်း ကွင်း များရှိ မိုးစပါးဧက ၄၀၀၀၀ ခန့်ကို ရေကြီးနစ်မြုပ်ခြင်းမှ ကာကွယ်ပေးနိုင်ခဲ့မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပါသည်။