ဧရာဝတီတိုင်းဒေသကြီး ငဝန်တာနှင့် မြန်အောင်တာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိ
  • Sun, 21 July 2024

ဧရာဝတီတိုင်းဒေသကြီး ငဝန်တာနှင့် မြန်အောင်တာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေး လုပ်ငန်းများ ကြပ်မတ်ဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ ဇူလိုင် ၂၁                   
    မြစ်ရေများ မြင့်တက်လာမှုအခြေအနေအရ ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးကြပ်မတ်ကူညီဆောင်ရွက်ရန် ဧရာဝတီတိုင်းဒေသ ကြီး၌ ရောက်ရှိနေသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇူလိုင် ၁၈ရက်နှင့် ၁၉ ရက်များတွင် ရေကြည်၊ သာပေါင်း၊ ဟင်္သာတနှင့် လေးမျက်နှာ မြို့နယ်များ၏ ရေဘေးကာကွယ်မှုဧရိယာ ၃၀၀၃၈၄ ဧကကို ရေကြီးနစ်မြှပ်မှုကာ ကွယ်ထားသည့် အလျား ၇၃.၈၆၅ မိုင်ရှိ ငဝန်တာ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေး လုပ် ငန်းဆောင်ရွက်နေမှု များကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။        
    ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေလဲရွာရေကင်း စခန်း တာမိုင် ၂၀မိုင် ၄ဖာလုံ၊ သခွပ်ချောင်းရေကင်းစခန်း တာမိုင် ၁၆မိုင် ၃ဖာလုံ၊ အိုင်သပြု ရေကင်းစ ခန်းတာမိုင် ၃၁မိုင် ၂ဖာလုံရှိ ရေကင်းစခန်းများကိုလည်းကောင်း၊ မြန်အောင်မြို့နယ် ရေဘေးကာကွယ်မှုဧရိယာ ၁၃၆၃၂၁ ဟက၏ တာမိုင် ၃၉ ဒသမ၂၅မိုင်နှင့် အင်္ဂပူမြို့နယ် ရေ ဘေးကာကွယ်မှု ဧရိယာ ၆၅၅၃ ဧက၏ တာမိုင် ၉ဒသမ ၂၅မိုင် ရေကင်းစခန်းများကို လည်းကောင်း၊ ရေဘေးကာကွယ်ထေားရှိသည့် မြန်အောင်တာ၏ တာမိုင် ၆မိုင် ၇ဖာလုံ၌ မြစ်ကမ်းပြိုကျမှု ကာကွယ်ဆောင်ရွက် ထားရှိမှု ၆မိုင် ၃ဖာလုံ ရေလွတ်ဘောင်ပြည့်မီအောင် သဲအိတ်ဖြင့် တာထိပ်ဆင့်ခြင်း၊ လုပ်ငန်းဆောင်ရွက်နေမှု၊ ၅မိုင် ၇ဖာလုံ မြစ်ကမ်း ကာကွယ် ထားရှိမှု၊ ရေကင်းစခန်းနှင့် အရေးပေါ်ပစ္စည်းများ ပြင်ဆင်ထားရှိမှုတို့ကိုလည်းကောင်း ၊ ၄မိုင် ၆ဖာလုံနှင့် ၄မိုင် ၇ဖာလုံအကြား ရေစိမ့်ပေါက်အချို့ကို ရေခွေ ပြုလုပ်၍ အရေးပေါ် ယာယီ ကာကွယ်ထားရှိခြင်းလုပ်ငန်းများနှင့် ရေကင်းစခန်းများ ဖွင့် လှစ်ထားရှိမှု အခြေအနေများ ကိုလည်းကောင်း၊ အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှုနှင့် တာတမံ လုပ်သားများ ခန့်အပ် ထားရှိမှု၊ ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကြိုတင် ဆောင်ရွက်နိုင်ရန် အတွက် စက်ယန္တရား ကြီးများအသင့်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
    ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း ဒုတိယဝန်ကြီးက ရေကင်းလှည့် ဇယားများဖြင့် နေ့ညမပြတ် သတ်မှတ် ထားသည့် လုပ်ငန်းစဉ်များအတိုင်း တာတမံကြံ့ခိုင်မှု အခြေအနေကို လှည့်လည် ကြည့်ရှု စောင့်ကြည့်စစ်ဆေးရန် လိုအပ်ချက်များ၊ ရေခွေပြုလုပ်ရာတွင် လိုအပ်သည့် အမြင့် ရရှိအောင် စနစ်တကျ ဆောင်ရွက်ရန်၊ ရေဘေးကာကွယ်ရေးတာများတွင် တာတမံထိခိုက်စေနိုင် သည့် အချက်များ စစ်ဆေးတွေ့ရှိပါက အချိန်နှင့် တစ်ပြေးညီ သက်ဆိုင်ရာ တာဝန်ရှိသူများအား သတင်းပို့၍ ကြိုတင်ကာ ကွယ်မှုများ ပေါင်းစပ်ညှိနှိုင်း ဝိုင်းဝန်း ဆောင်ရွက်ထားရှိကြရန်၊ သဲ အိတ်၊ မိုးကာ၊ ဝါးမျောနှင့် ကျောက်စသည့် အရေးပေါ် ပစ္စည်းများ စုဆောင်းထားရှိ၍ ရေလမ်း၊ ကုန်းလမ်းမှ လိုအပ်သည့် နေရာ များသို့ အလျင်အမြန် သယ်ယူပို့ဆောင်ရေးနှင့် တာတမံ ဝန်ထမ်းများ၊ တာလုပ်သားများ၊ရပ်ကွက်ကျေးရွာများမှ တာဝန်ကျတာလုပ်သားများ၏ လုပ်ငန်း ခွင် ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ကျန်း မာရေးအထူးဂရုပြုကြရန်၊ မြစ်ကမ်းပါးပြိုကျမှု ကာ ကွယ်ရေးနှင့် ပတ်သက်ပြီး ဝါးရေလွှဲကထစ်တန်းရိုက်ခြင်း၊ Geo bag ချခြင်း၊ တာထောက် ခြင်းလုပ်ငန်းများအား သက်ဆိုင်ရာ ဦးစီးဌာန အချင်း ချင်း ညှိနှိုင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီးထောက်ပံ့ ပစ္စည်းများပေးအပ်သည်။
    ထို့နောက် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဧရာဝတီမြစ်ရေ နှစ်စဉ်တိုက်စားမှုကြောင့် မြစ်ကမ်းစား၊ ကမ်းပြိုမှုများ ဖြစ်ပေါ်မှု၊ ရေဘေး ကာကွယ်ရေးတာများကို ရေတိုက်စားမှု ကာကွယ်နိုင်ရေးအတွက် ရေရှည်ထိန်းသိမ်းဆောင်ရွက် နိုင်မည့် အစီအမံများ၊ ရှေ့ ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေး နွေးခဲ့ပါသည်။