ဧရာဝတီ-ဟင်္သာတတာနှင့် ငဝန်တာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်
  • Sat, 20 July 2024

ဧရာဝတီ-ဟင်္သာတတာနှင့် ငဝန်တာများ၏ ကြံ့ခိုင်မှုနှင့် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားဆောင်ရွက်


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော် သည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယမန်နေ့ နံနက် ပိုင်းက ဟင်္သာတမြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနသို့ရောက်ရှိပြီး အစည်း အဝေးခန်းမ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ တိုင်းဒေသကြီး အ ဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ရေဘေးကာကွယ်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးသည်။
    အဆိုပါ ဆွေးနွေးပွဲတွင် ရေဘေးကာကွယ်ရေးဧရိယာ ပြင်ပအနိမ့်ပိုင်းဒေသများတွင် စိုက်ပျိုးထားရှိသော သီးနှံစိုက်ခင်းများ ရေနစ်မြုပ်၍ သီးနှံထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်လာပါက အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတိုး အရန်မျိုးစပါးများ အသင့်စုဆောင်းခြင်း၊ ဖြန့်ဖြူး ခြင်းလုပ်ငန်းများ၊ ရေကြီးနစ်မြုပ်ပြီးနောက် ကျရောက်တတ်သည့် သီးနှံပိုးမွှားရောဂါများအား ကာ ကွယ်နှိမ်နင်းရမည့် လုပ်ငန်းစဉ်များ၊ မွေးမြူရေးတိရစ္ဆာန်များ အသက်ဘေးအန္တရာယ် ကာကွယ် နိုင်ရေး တိရစ္ဆာန်အသက်ကယ်ကုန်းများ ပြင်ဆင်ထားရှိခြင်း၊ ရေလွတ်ရာနေရာများသို့ အချိန်မီ ပြောင်းရွှေ့ခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ဆေး ကုသဆေးများ၊ တိရစ္ဆာန်ဖြည့်စွက်စာများ ကြိုတင်စုဆောင်းထားရှိခြင်းတို့ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ ပြည်သူ များအား မြို့နယ်နှင့် ခရိုင်အလိုက် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ပညာပေးလုပ်ငန်းနှင့် အကူအညီများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ပေး နိုင်ရေးကိစ္စရပ်များကို ဆွေး နွေးခဲ့ကြပါသည်။
    ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ညောင်တုန်း၊ ပန်းတနော် အစရှိသည့် မြို့နယ်များရှိ စုစုပေါင်းဧရိယာ ၃၃၉၃၈၁ ဧကကို ရေဘေးကာကွယ်မှု အကျိုးပြု လျက်ရှိ သည့် အလျား ၈၃ ဒသမ ၈၇ မိုင်ရှိ ဧရာဝတီ-ဟင်္သာတတာ၏ ရေကင်းစခန်းများဖြစ်သည့် ဟင်္သာတမြို့နယ် အိပ်ပျက်ရေကင်းစခန်း တာမိုင် ၃ မိုင် ၅ ဖာလုံ၊ ဦးပါရဲရေကင်းစခန်း တာမိုင် ၈ မိုင် ၄ ဖာလုံ၊ ရေကြည်၊ သာပေါင်း၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်များမှ ဧရိယာ ၃၀၀၃၈၄ ဧကကို ဧရာဝတီမြစ်ခွဲတစ်ခုဖြစ်သော ဧရာဝတီမြစ်၏ ရေကြီးနစ်မြုပ်မှု ကာကွယ်ထားသည့် အလျား ၇၃ ဒသမ ၈၆၅ မိုင်ရှိ ငဝန်တာ၊ လိပ်ချောင်းရေကင်းစခန်း တာမိုင် ၃ မိုင် ၂ ဖာလုံ၊ ဂမ္ဘီ ၉ မိုင်၊ မြို့ကွင်းတာမိုင် ၁၂ မိုင် ၁ ဖာလုံတို့သို့ ရောက်ရှိကြပြီး ရေဘေးကာကွယ်ရေးလုပ်ငန်းများအတွက် ရေကင်း စခန်းများ ဖွင့်လှစ်ထားရှိမှု၊ အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှု၊ တာတမံလုပ်သားများ ခန့်အပ်ထားရှိမှုနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်နိုင်ရန်အတွက် စက်ယန္တရား ကြီးများ အသင့် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပါသည်။
    ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက တာတမံနိမ့်ကျမှုကြောင့် ရေကျော်ခြင်း၊ သဲဗွက် ထခြင်း၊ တာအိခြင်း၊ ရေပေါက်(ထူးပေါက်) ပေါက်ခြင်း စသည့် တာတမံထိခိုက်စေနိုင်သည့် အချက်များ တွေ့ရှိပါက ကာကွယ်ရန် နည်းလမ်းများ၊ သတိပြုရမည့် အချက်များ၊ အချိန်မီကာကွယ်နိုင်ရေး လုပ်ငန်း စဉ်များ ဆောင်ရွက်ရန် လိုအပ်ချက်များ၊ စုဆောင်းထားရှိသည့် အရေးပေါ်ပစ္စည်းများကို လို အပ်သည့် နေရာများသို့ အမြန်ဆုံးသယ်ယူပို့ဆောင်နိုင်ရေးနှင့် ထပ်မံလိုအပ်ပါက ရေလမ်းကုန်းလမ်းမှ ဖြည့်စွက် ထားရှိနိုင်ရေး ကြိုတင်စီစဉ်ထားရန် လိုအပ်ချက်များ၊ တာတမံဝန်ထမ်းများ၊ တာ လုပ်သားများ၊ ရပ်ကွက် ကျေးရွာများမှ တာဝန်ကျ တာလုပ်သားများ၏  ကျန်းမာရေးအထူးဂရုပြုရန် ကိစ္စရပ်များကို ဆွေးနွေး မှာကြားပြီး လိုအပ်သော ထောက်ပံ့ပစ္စည်များ ပေးအပ်ခဲ့ပါသည်။
    ယင်းနောက် ဒုတိယဝန်ကြီးသည် ဟင်္သာတမြို့နယ် မြို့ကွင်းလျှပ်စစ်မြစ်ရေတင် လုပ်ငန်း သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တောင်သူများ မျိုးကောင်း၊ မျိုးသန့် ရရှိအသုံးပြုနိုင် စေရန်နှင့် စိုက် ချိန်မှန်ကန်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ လိုအပ်ချိန်တွင် ရေသောက်ဧရိယာအတွင်း အချိန်မီရေပေးဝေနိုင်ရေး အလေး ထား ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။
    ဆက်လက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။