အောက်လင်းဇင်းရေပေးမြောင်းမှ သီးနှံမျိုးစုံဧက ၁၃၀၀ အတွက် စိုက်ပျိုးရေ ပြည့်ဝစွာပေးဝေ
  • Sun, 14 July 2024

အောက်လင်းဇင်းရေပေးမြောင်းမှ သီးနှံမျိုးစုံဧက ၁၃၀၀ အတွက် စိုက်ပျိုးရေ ပြည့်ဝစွာပေးဝေ


      မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ သီးနှံမျိုးစုံဧက ၁၃၀၀ စိုက်ပျိုးရေ ပြည့်ဝစွာ ပေးနိုင်ရေး အောက်လင်းဇင်းရေမြောင်းမှ ရေကျအဆောက်အအုံတစ်ခုကို မြို့နယ် ဆည်မြောင်းနှင့် ရေ အသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန မှ တည်ဆောက်ပေးခဲ့ပါသည်။
    အဆိုပါ ရေကျအဆောက်အအုံသည် ကျောက်ဆည်မြို့နယ် ပုန်းညက် ကျေးရွာအနီးတွင် တည်ရှိပြီး နှစ်ကာလကြာမြင့်သောကြောင့် ရေအဝင်ပိုင်းနှင့် ရေအထွက် မြေကာနံရံများ ပျက်စီးကာ မြောင်း ပေါင် ရေတိုက်စားပျက်စီးမည့် အခြေအနေများဖြစ်ပေါ်လျက်ရှိသဖြင့် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၂၉ သန်းဖြင့် ရေကျ အဆောက်အအုံ၏အထက်၊ အောက်မြောင်းကြမ်းပြင်များနှင့် မြောင်းပေါင်နှုတ်ခမ်းများ ပြန်လည်ပြုပြင်ပေးရခြင်းဖြစ်သည်။
    ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေကျအဆောက်အအုံ ပြန်လည်ပြုပြင်ပေးသောကြောင့် ဆည်မြောင်းရေများအား ရာသီမရွေးအသုံးပြုနိုင်ပြီဖြစ်ပါသည်။