မြန်အောင်မြို့၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွား
  • Fri, 12 July 2024

မြန်အောင်မြို့၌ ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွား


    ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ လွန်ဆေး မြိုင်ပန်းခြံ မြောက်ဘက် ပေ ၂၀ ခန့်အကွာ၊ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ Geotextile ကမ်းထိန်း လုပ်ငန်းဆောင်ရွက်ထားသည့်နေရာတွင် ယနေ့နေ့လယ်က ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် အလျား ၁၅ ပေ၊ အနံ ၃ ပေခန့် ကမ်းပြိုမှုဖြစ်ပွားခဲ့ပါသည်။
    အဆိုပါ ကမ်းပြိုမှုဖြစ်ပွားသည့်နေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ကမ်းပြိုမှုအခြေအနေကို ကြည့်ရှု၍ ကမ်းပြိုကမ်းစားမှု သက်သာစေရန် ခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြစ်ကမ်းဘေးရှိ သစ်ပင်ကြီးများ၏ အကိုင်းများခုတ်ထွင်၍ ရေဂလိုင်ထဲသို့ချခြင်း၊ ရေတောင် မွေ့ပေ ၃၀၀ခန့် ချထားနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။