ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မြို့ကြီးရေလှောင်တမံမှ ဆည်ရေခွဲဝေအသုံးပြုနိုင်ရေးနှင့် မိတ္တီလာထခရိုင် စိုက်ပျိုးရေ ရရှိရေး ကွင်းဆင်းစစ်ဆေး
  • Mon, 24 June 2024

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မြို့ကြီးရေလှောင်တမံမှ ဆည်ရေခွဲဝေအသုံးပြုနိုင်ရေးနှင့် မိတ္တီလာထခရိုင် စိုက်ပျိုးရေ ရရှိရေး ကွင်းဆင်းစစ်ဆေး


    စိုက်ပျိုရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇွန် (၂၁)ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်၊ မြို့ကြီးကျေးရွာအနီးရှိ မြို့ကြီးရေလှောင်တမံ၏ ဝင်ရေသိုလှောင် ထားရှိမှု၊ တမံကြံ့ခိုင်မှုနှင့် တမံမှ ရေပေးဝေမှုလုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးပြီး ကျိုင်းခမ်းရေလှောင်တမံ စီမံကိန်းမှ သိုလှောင်ရေများကို ဇော်ဂျီရေလှောင် တမံမှ တစ်ဆင့် မြို့ကြီးရေလှောင်တမံသို့ ရေဖြည့်တင်းပေးခြင်း အားဖြင့် မိတ္ထီလာလွင်ပြင်ရေပိုမို ရရှိ ရေးအတွက် စီမံဆောင်ရွက်ရန်၊ လိုအပ်သော တိုင်းတာမှုများ ကွင်းဆင်းဆောင်ရွက်ရန်နှင့် ဆောင် ရွက်မှုအခြေအနေကို အချိန်မီတင်ပြရန်  တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
    ဆက်လက်၍ မြို့ကြီးရေလှောင်တမံ ရေဝင်ရောက်မှုနှင့် ရေလွှဲဆည်မှ ကင်းတားလက်ယာ မြောင်းသို့ ရေကူပေးပို့မည့် မြို့ကြီးမြောင်းမတော်အမှတ် (၁)၏ ရေစီးရေလာအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
    ထို့နောက် ဒုတိယဝန်ကြီးသည် မြို့ကြီးမြောင်းမတော် အမှတ်(၁)မှ ကင်းတားလက်ယာ တူးမြောင်း ရေသောက်စနစ်သို့ ရေပို့လွှတ်နိုင်မည့် အခြေအနေနှင့် ပန်းလောင်မြစ်အတွင်းသို့ ဆက် သွယ်တူးမြောင်းဖောက်လုပ်၍ ရေကူ ပေးခြင်းအားဖြင့် ပန်းလောင်မြစ်ပေါ်တွင် တည်ဆောက်ထား သော မယ်ဇယ်ပင်သာရေလွှဲဆည်၊ ကျီးမဲရေလွှဲဆည်နှင့် စမာရေလွှဲဆည်များ၏ ရေသောက်စနစ်များ သို့ ရေကူပေးဝေနိုင်မည့် အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး  လက်ရှိစိုက်ပျိုးနိုင်သည့် စိုက်ပျိုး မြေများအပေါ်တွင် သီးထပ်သီးနှံများ တိုးတက်စိုက်ပျိုးနိုင်ရန်နှင့် ဆည်ရေမရရှိသေးသည့် နေရာများ တွင် ဆည်ရေရရှိအောင် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများအား ဆွေး နွေးမှာကြားသည်။
    အလားတူ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော်နှင့် ဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲမှ တာဝန်ရှိသူများသည် မိတ္ထီလာခရိုင်အတွင်း  စိုက်ပျိုးမြေ ဧရိယာအသစ်များ တိုးတက်ပေးဝေနိုင်ရေး အတွက်  ဒေသအတွင်း ရေရှိနိုင်မည့် အရင်းအမြစ်နေရာ များဖြစ်သော ပျော်ဘွယ်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျောက်အိုးရေလှောင် တမံ အဆိုပြုနေရာနှင့် ဖျောက်ဆိပ်ပင်ရေလှောင်တမံ ဆောင်ရွက်နိုင်မည့် အဆိုပြုနေရာများကို ကွင်းဆင်းကြည့်ရှု စစ်ဆေး ကြသည်။
    အဆိုပါ ရေလှောင်တမံများ တည်ဆောက်နိုင်ပါက မိတ္ထီလာခရိုင်အတွင်း စိုက်ပျိုးမြေဧရိယာ အသစ်များကို ရေပိုမိုပေးဝေနိုင်မည်ဖြစ်ပါသဖြင့်  အသေးစိတ် ခန့်မှန်းတိုင်းတာခြင်းနှင့် စူးစမ်း လေ့လာခြင်းလုပ်ငန်းများကို ဆက် လက်ဆောင်ရွက်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။