ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ရေလှောင်တမံရေပိုလွှဲတွင် ဟိုက်ဒရောလစ် ရေမြှင့် ရေတံခါး တပ်ဆင်
  • Sun, 23 June 2024

ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ရေလှောင်တမံရေပိုလွှဲတွင် ဟိုက်ဒရောလစ် ရေမြှင့် ရေတံခါး တပ်ဆင်



မူလနှစ်စဉ် လျှပ်စစ်ထုတ်လုပ်မှုယူနစ် ၉၁၁ သန်းမှ ယူနစ် ၉၁၉ သန်းအထိ တိုးတက်ထုတ်လုပ်နိုင်မည်
နေပြည်တော် ဇွန် ၂၂
    လျှစ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် ဒုတိယဝန်ကြီး ဦးအေးကျော်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ် ငန်း ပေါင်းလောင်းရေလှောင်တမံ၏ တမံရေပိုလွှဲတွင် ဟိုက်ဒရော လစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
    ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေလှောင်တမံသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေါင်းလောင်းတမံ ရေပိုလွှဲ တွင် ဟိုက်ဒရောလစ် ရေမြှင့် ရေတံ ခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆက်လက် ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
    တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်ချိန်ကာလအတွင်း ပြီးစီး နိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း၍ ဆောင် ရွက်သွားရန်၊ လုပ်ငန်းများ ဆောင်ရွက်စဉ် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ စီမံကိန်းလုပ်ငန်းများ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားပြီး ရေပိုလွှဲတွင် ရေပိုမိုစုဆောင်းနိုင်ရန် ဟိုက်ဒ ရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်း ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု၊ ရေလှောင် တမံအတွင်း ရေဝင်ရောက်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် တမံ၏ ကြံ့ခိုင်မှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။
    ပေါင်းလောင်းတမံရေပိုလွှဲတွင် အလျား ၁၄၀ ဒသမ ၅ မီတာ၊ ၁ ဒသမ ၅ မီတာ အမြင့် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းအားဖြင့် မူလကန်ရေပြည့်ရေလှောင်ပမာဏ ဧကပေ ၅ ဒသ မ ၄၉ သိန်းမှ ဧကပေ ၅ ဒသမ ၇၀ သိန်းအထိ ရေလှောင်ပမာဏဧကပေ ၂၁၀၀၀ ခန့် ပိုမိုသိုလှောင်ပြီး မူလနှစ်စဉ် လျှပ်စစ်ထုတ်လုပ်မှုယူနစ် ၉၁၁ သန်းမှ ၉၁၉ သန်းအထိ တိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် လျှပ်စစ်ယူ နစ် ၈ သန်း ပိုမိုထုတ်လုပ် နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအချိန်တွင် စီမံကိန်းလုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်တွင် စီမံကိန်းတစ်ခုလုံး ရာနှုန်းပြည့်ပြီးစီးနိုင်ရေး ကြိုး ပမ်း ဆောင်ရွက် လျက်ရှိပါသည်။