ပြင်ဦးလွင်မြို့နယ် ဝါးနက်ကျေးရွာ၌ ဝါစိုက်တောင်သူများ ရေရရှိရေး ကွင်းဆင်းဆောင်ရွက်
  • Mon, 10 June 2024

ပြင်ဦးလွင်မြို့နယ် ဝါးနက်ကျေးရွာ၌ ဝါစိုက်တောင်သူများ ရေရရှိရေး ကွင်းဆင်းဆောင်ရွက်


    မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် လွန်ကောင်းအုပ်စု ဝါးနက်ကျေးရွာမှ ဝါစိုက် တောင်သူများ ရေရရှိရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇွန် ၈ ရက်တွင် သွားရောက် ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသည်။
    ဝါစိုက်တောင်သူများ ရေရရှိစေရန် အဝီစိရေတွင်းများ တူးဖော်ပေးမည်ဖြစ်ရာ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ကျအဖွဲ့၊ မြို့နယ်သမဝါယမအသင်းစုမှ အတွင်းရေးမှူး ဦးအေးစံထွန်း၊ တိုင်းဒေသကြီး ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်း၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန် ရှိသူများနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ကြပ်တာဝန်ခံ ဦးဇော်ဇော်ဆန်းတို့ ပါဝင်သောအဖွဲ့က ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ၍ သိရှိလိုသည်များ မေးမြန်းပြီး ရေတွင်းများ တူးမည့်နေရာများသို့ လိုက်လံကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။