ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မုန်တိုင်းမိုးများကြောင့် ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသည့် နွေနှမ်းနှင့် အခြားသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်
  • Tue, 21 May 2024

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မုန်တိုင်းမိုးများကြောင့် ဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသည့် နွေနှမ်းနှင့် အခြားသီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် (၂၀-၅-၂၀၂၄)ရက်နေ့ ညနေပိုင်းက နေပြည်တော်ကောင်စီ နယ်မြေအတွင်း စိုက်ပျိုးပြီးဖြစ်သည့် နွေနှမ်းနှင့် အခြားသီးနှံများ မိုးကြိုရာသီတွင် ဖြစ်ပေါ်တတ် သော မုန်တိုင်းမိုးနှင့် ရာသီဥတုပြောင်းလဲ၍ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဒေသခံတောင်သူများ၊ ရေအသုံး ချသူ များ အဖွဲ့ (WUG)နှင့် ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်း၍  ရေနုတ်မြောင်းများ ရှင်းလင်းတူး ဖော်ခြင်း၊ စိုက်ခင်းများအတွင်း စိမ်းမြောင်းပတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှု ကို ကွင်းဆင်းကြည့်ရှုစစ်ဆေး အားပေးခဲ့ပါသည်။
    ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာတွင် ပေါင်ကြီးတင် စနစ်ကို အသုံးပြု၍ စိုက်ပျိုးထားသော နှမ်းသီးနှံစိုက်စနစ်လေးမျိုး  စမ်းသပ်စိုက်ပျိုးခြင်းစံပြကွက်ကို ကြည့်ရှုစ်စစ်ဆေးသည်။ ယင်း နောက် အေးမြင့်သာယာကျေးရွာ နေရောင်ပြအင်းဘုရားအနီး ယာယီ ရေထိန်းဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထားရှိသော နွေနှမ်းစိုက်ခင်း၊ ဇေယျာသီရိမြို့နယ် သပြေပင်ကျေးရွာ ရေဆင်းဆည်သောက်ဧရိယာအတွင်း စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများကို ထိခိုက်စေနိုင်သည့် ရေအိုင်ခြင်း၊ ရေဝပ်ခြင်းမဖြစ်ပေါ်စေရန် ရေနုတ်မြောင်းများ ရှင်းလင်းတူးဖော်မှုကို ကြည့်ရှုစစ်ဆေးသည်။

    ထို့အတူ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ် အေလာယာယီ ရေထိန်းဆည် ရေသောက်ဧရိယာအတွင်း ရေနုတ်မြောင်းရှင်းလင်းတူးဖော်နေမှုနှင့် ကူသပိတ်ကျေးရွာ မဒန်းဆည်ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများတွင် ရေမဝပ်စေရန် ရေနုတ်မြောင်းတူးဖော်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ နွေနှမ်းသီးနှံများစိုက်ပျိုးရာတွင် ရေသွင်း၊ ရေထုတ်သေ ချာ၍ အထွက်နှုန်းကောင်းမွန်သော ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရေး၊ မိုးကြိုးရာသီတွင် ဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းမိုးများကြောင့် နွေနှမ်းနှင့် အခြားသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် တောင်သူများသို့ ကြိုတင် အ သိပေးဆောင်ရွက်ရန်၊ တောင်သူအချင်းချင်း ဆင့်ပွားအသိပေးနှိုးဆော်သွားကြရန်၊ ရေအသုံးချသူ များအဖွဲ့(WUG)နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ ထပ်ဆင့်အသိပေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် ဆောင်ရွက်ထားသည့် အခြေအနေ များကို အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန် ဆွေးနွေးမှာကြားခဲ့ပါသည်။