ဇော်ဂျီနှင့် ကင်းတားဆည်ရေသောက်ဧရိယာများတွင် ဆီထွက်သီးနှံ နွေနှမ်း ၆၄၇၀၉ ဧက စိုက်ပျိုးပြီးစီး မိုးရွာသွန်းမှုကြောင့် စိုက်ခင်းများ ပျက်စီးမှုမရှိစေရန် ကြိုတင်စီမံဆောင်ရွက်
  • Mon, 20 May 2024

ဇော်ဂျီနှင့် ကင်းတားဆည်ရေသောက်ဧရိယာများတွင် ဆီထွက်သီးနှံ နွေနှမ်း ၆၄၇၀၉ ဧက စိုက်ပျိုးပြီးစီး မိုးရွာသွန်းမှုကြောင့် စိုက်ခင်းများ ပျက်စီးမှုမရှိစေရန် ကြိုတင်စီမံဆောင်ရွက်


    မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်၊ မြစ်သားနှင့် စဉ့်ကိုင်မြို့နယ်တို့အတွင်းရှိ ဇော်ဂျီနှင့် ကင်းတားဆည်ရေသောက်ဧရိယာများတွင် ဆီထွက်သီးနှံ နွေနှမ်းစိုက်ခင်းများကို စိုက်ပျိုး ရေပေးဝေလျက်ရှိရာ ယခုအခါ နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ဆည်ရေသောက်ဧရိယာများအတွင်း နွေနှမ်းရာသီ စိုက်ပျိုး ရေရရှိရေးအတွက် ရေအသုံးချသူတောင်သူအဖွဲ့(WUG)များနှင့်  ပူးပေါင်း၍ ဆောင်ရွက်ခဲ့သည်။
    ယခုမိုးကြိုကာလတွင်လည်း မုန်တိုင်းမိုးကြောင့် နွေနှမ်းခင်းများ ပျက်စီးဆုံးရှုံးမှု မရှိ စေရေးအတွက် နွေနှမ်းစိုက်ခင်းများအတွင်း စိမ့်မြောင်း၊ ပတ်မြောင်းများ တူးဖော်ခြင်းနှင့် အဓိက ရေနုတ်မြောင်းများ ရေစီးရေလာစီးဆင်းမှု ကောင်းမွန်စေရေးတို့အတွက် သက်ဆိုင်ရာ ရေအသုံးချ တောင်သူအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
    ကျောက်ဆည်ခရိုင်အတွင်း ဆီထွက်သီးနှံ နွေနှမ်း ၅၉၃၄၂ ဧက စိုက်ပျိုးရန် လျာထား ခဲ့ပြီး ၆၄၇၀၉ ဧကကို ကြဲပက်စနစ်၊ တန်းစိုက်စနစ်နှင့် ပေါင်ကြီးတင်စနစ်တို့ဖြင့် စိုက်ပျိုးခဲ့ပြီးဖြစ် သည့်အတွက် မူလလျာထားချက်ထက် ၅၃၆၇ ဧကကို တိုးတက်စိုက်ပျိုးနိုင်ခဲ့ ပါသည်။ ယခုကဲ့သို့ ရေနုတ်မြောင်းများ ကြိုတင်ပြင်ဆင် တူးဖော်ခြင်းဖြင့် နွေနှမ်းခင်းများအတွင်း မိုးရေဝင်ရောက် နစ်မြုပ် မှုမှ ကာကွယ်နိုင်မည့်အပြင် ရေထုတ်နုတ်မှုကို ပိုမိုကောင်းမွန် စေ မည်ဖြစ်သဖြင့် နွေနှမ်းပန်းတိုင် အထွက်နှုန်းရရှိစေရန် များစွာအထောက် အကူ ဖြစ်စေမည်ဖြစ်ပါသည်။