လယ်ဝေးမြို့နယ်၌ နှမ်းစိုက်ဧရိယာ ဧက ၃၀၀ အတွင်း စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုပြင်တူးဖော်ခြင်း ဆောင်ရွက်လျက်ရှိ
  • Sun, 19 May 2024

လယ်ဝေးမြို့နယ်၌ နှမ်းစိုက်ဧရိယာ ဧက ၃၀၀ အတွင်း စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုပြင်တူးဖော်ခြင်း ဆောင်ရွက်လျက်ရှိ


    မိုးကြိုးရာသီများတွင် ဖြစ်ပေါ်လေ့ရှိသော မုန်တိုင်းမိုးများကြောင့် ဆီထွက်သီးနှံများ ပျက်စီးထိခိုက်ဆုံးရှုံးမှု မရှိစေရေးအတွက် ဆည်ရေသောက်ဧရိယာများအတွင်းရှိ စိုက်ခင်းများ ရေမဝပ်စေရေး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံ ခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စီမံဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင်  ပြုပြင်ရန် လိုအပ်သော စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုပြင် တူးဖော်ခြင်းနှင့် စိမ့်မြောင်း၊ ပတ်မြောင်းများမှ ထွက်လာသော ပိုလျှံရေများ ကို ထုတ်မြောင်း များမှ တစ်ဆင့် စီးဆင်းသွားစေရန် ထုတ်မြောင်းများ ပြန်လည်တူးဖော်ဆောင်ရွက်ခြင်းတို့ကို တောင်သူများ၊ ရေအသုံးချသူများအဖွဲ့ (WUG)များနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန ဝန်ထမ်းများ က ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် တောင်သူများမှ ပူးပေါင်းဆောင် ရွက် နိုင်ရေး အသိပညာပေး ဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
    ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လယ်ဝေးမြို့နယ် ချောင်းမငယ် ဆည်ရေသောက်ဧရိယာအတွင်း ပါဝင်သော ရေအိုးစဉ် ကျေးရွာအုပ်စုအတွင်းရှိ လက်တံ ၁၂ မြောင်း ရေသောက်ဧရိယာအတွင်း စိုက်ပျိုးထားသော နွေ နှမ်းစိုက်ဧရိယာ ဧက ၃၀၀ အတွင်း၌ စိမ့်မြောင်း၊ ပတ်မြောင်းများ ပြုပြင်တူးဖော်ခြင်းနှင့် ထုတ်မြောင်းများမှ အမြန်ထုတ်နုတ်နိုင်ရေး ဆောင်ရွက်ခြင်း တို့အား (၁၈-၅-၂၀၂၄)ရက်နေ့တွင် ရေအသုံးချသူတောင်သူများနှင့် ဌာနဝန်ထမ်း များက ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။