ဧရာဝတီတိုင်းဒေသကြီး သီးနှံစိုက်ဧကနှင့် အထွက်နှုန်းကိန်းဂဏန်း အချက်အလက်စာရင်းဇယား များမှန်ကန်ရေး ကွင်းဆင်းဆောင်ရွက်
  • Sat, 11 May 2024

ဧရာဝတီတိုင်းဒေသကြီး သီးနှံစိုက်ဧကနှင့် အထွက်နှုန်းကိန်းဂဏန်း အချက်အလက်စာရင်းဇယား များမှန်ကန်ရေး ကွင်းဆင်းဆောင်ရွက်


    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် မေလ ၁၀ ရက် နံနက်ပိုင်းက ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ် ကျေးရွာအနီး ဟင်္သာတကမ်းနားရေကာတာကို ကြည့်ရှုစစ်ဆေးသည်။
    ကြည့်ရှုစစ်ဆေးစဉ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ၂၀၁၅ခုနှစ်အတွင်း ဧရာဝတီမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့ပြီး နောက်ပိုင်း မြစ်ရေစီးကြောင်း ပြောင်းလဲလာသဖြင့် ကမ်းပြိုကမ်းစားမှုဖြစ်စဉ်များ စတင်ဖြစ်ပေါ်ခဲ့မှု၊ ရေကြီးရေလျှံခြင်းမှ ကာကွယ်ရန် တည်ဆောက်ထားသော ဦးမိုးလေးဖြတ်တာကို ၂၀၁၉ ခုနှစ်မှ စတင်၍ မြစ်ရေတိုက်စားခံရပြီး နှစ်စဉ် ကမ်းပြိုကမ်းစားခြင်းဖြစ်ပေါ်ခဲ့ကာ ဟင်္သာတမြို့သို့ ရေစီး ကြောင်း ဆက်လက်ဦးတည်လာသဖြင့် လိုအပ်သော ပန်းတာနှင့်ဖြတ်တာများ တည်ဆောက်ခြင်း၊ တာမျက်နှာပြင်များ သတ်မှတ်အမြင့်ရရှိရန် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ လတ်တလောဆောင်ရွက် မည့်အစီအစဉ်များနှင့် ရေရှည်ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။
    ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟင်္သာတမြို့နယ်ခန်းမ၌ ဟင်္သာတနှင့် မြန်အောင် ခရိုင်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကြေးတိုင် နှင့်မြေစာရင်းဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍  ဒုတိယဝန်ကြီးက မြေပြင်အခြေ အနေမှန်ကို အနီးစပ်ဆုံးသိရှိအောင် လက်တွေ့ကွင်းဆင်း၍ ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရန် လိုအပ်ချက်များ၊ သီးနှံစိုက်ဧကနှင့် အထွက်နှုန်း ကိန်းဂဏန်းအချက် အ လက်စာရင်းဇယားများ မှန်ကန်ရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌာနနှင့် အခြားဆက်စပ်ဌာနမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် သက်ဆိုင် ရာမြို့နယ်အလိုက် ကွင်းတာဝန်ခံများအနေဖြင့် အချက်အလက်ကိန်းဂဏန်းများကို ကိုယ်တိုင်းကွင်း ဆင်းကောက်ယူကြရာတွင် တောင်သူများ၏လိုအပ်ချက်များကို သိရှိရေးနှင့် ထိရောက်စွာကူညီ ဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများကို ပံ့ပိုးကူညီနိုင်ရေး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စတင် ကောက်ယူနေပြီဖြစ်သော ရေသောက်စနစ်အလိုက် စိုက်ပျိုးမည့်မျိုး၊ အထွက်နှုန်းစာရင်းများကို စိစစ်ပြီး မျိုး၊ မြေ၊ ရေ၊ နည်းပညာ အားနည်းချက် အားသာချက်များကို ပြန်လည်သုံးသပ်၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်သွားရန်၊ ဆီထွက်သီးနှံ အထူးဇုန်များ အ ကောင် အထည်ဖော် ဆောင်ရွက်၍ အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။
    ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ညွှန်ကြား ရေးမှူးချုပ်များက စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် စိုက်ဧကစာ ရင်း မှန်ကန်ရေး၊ အထွက်နှုန်းစာရင်းများ မှန်ကန်ရေး၊ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်ရေးနှင့် ပန်းတိုင် အထွက်နှုန်းရရှိရေးတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးပြောကြားခဲ့ကြပါသည်။
    ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူမြို့ အထက(၂) ရွှေကူပညာ့ဗိမာန်ခန်းမ၌ ဆီထွက်သီးနှံ ဇုန်(၁)၊ ဇုန်(၂) တောင်သူများကို တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ ပြည်တွင်းစားသုံးဆီ ဖူလုံရေး မူဝါဒနှင့် လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
    ထို့နောက် သက်ဆိုင်ရာဌာနများအလိုက် တာဝန်ရှိသူများက စပါးအပါအဝင် ဆီထွက်သီးနှံ များ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ဖွယ်ရာများကို ရှင်းလင်းတင်ပြကြပြီး တောင်သူများ၏ မေးမြန်းချက်များကို အသေးစိတ်ဖြေကြားဆွေးနွေးခဲ့ကြပါသည်။