ဆီထွက်သီးနှံအထူးဇုန်များ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး တွေ့ဆုံဆွေးနွေး
  • Tue, 7 May 2024

ဆီထွက်သီးနှံအထူးဇုန်များ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး တွေ့ဆုံဆွေးနွေး


    မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆီထွက်သီးနှံအထူးဇုန်များ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို မေ ၇ ရက်က လက်ပံပျား ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ပါသည်။
    တွေ့ဆုံပွဲတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချရေးစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဦးကျော်ဆွေဝင်းက အမှာစကားပြောကြားပြီး ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းလွင်က မြေယာကိစ္စများ နှင့် ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က ဆီထွက်သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့်မျိုးကောင်း၊ မျိုးသန့်ရရှိရေး၊ မြေအသုံးချမှုမှန်ကန်ရေးနှင့် စိုက်ပျိုး ရေးနည်းပညာရပ် ဆိုင်ရာ ကိစ္စများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
    တွေ့ဆုံဆွေးနွေးပွဲတွင် လက်ပံပျားတိုက်နယ်အတွင်းရှိ  လက်ပံပျားအုပ်စု၊ တယ်ပင် တဲအုပ်စု၊ အုံးမှုန့်ရိုးအုပ်စု၊ ရသေ့တောင်အုပ်စု၊ ဝက်သချဉ်အုပ်စု၊ ကျောက်ပုံအုပ်စု အစရှိသည့် ကျေးရွာအုပ်စုများမှ တောင်သူများ တက် ရောက်ခဲ့ပါသည်။