- Tue, 30 April 2024
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်လွင်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ၌ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်း ရေကန်များ တူးဖော်ပြုပြင် ထိန်းသိမ်းခြင်းနှင့် ပုဂံမြို့ဟောင်းကျုံးတူးဖော်ထိန်းသိမ်းမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မြကန်တူးဖော်ထိန်းသိမ်းမှု ရှင်းလင်းတင်ပြ
ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသရှိ လွန်ခဲ့သောနှစ်ပေါင်း (၉၀၀)ကျော်က ရှေးမင်းကောင်း မင်းမြတ်များနှင့် ပြည်သူ များ တူးဖော်အသုံးပြုခဲ့သည့် ရှေးဟောင်းရေကန်ဖြစ်သော မြကန်ကို ကြည့်ရှုစစ်ဆေးရာ မြကန်တူးဖော် ထိန်းသိမ်းမှုအခြေအနေ၊ ရေဝင်ရောက် ရေး၊ ရေဝင်လမ်းကြောင်းများ ထိန်းသိမ်းရေးတို့နှင့် ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ဇယဝေရီကန်နှင့် မင်္ဂလာကန်(၃) တူးဖော်ပြီးစီးမှုအခြေအနေတို့ကို မန္တလေး တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူးကလည်းကောင်း၊ ဖိုးသူတော်ကန် တူးဖော်ပြီးစီးမှုအခြေအနေကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးကလည်းကောင်း၊ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက ကန်အတွင်း ရေဝင်လမ်းကြောင်းများ ရေဝင် ရောက်ရှိရေး၊ ကန်အ တွင်း ရေစိမ့်မှုများ မရှိစေရေး၊ ရေအဆက်မပြတ်ရှိစေရေး၊ ရေကန်များ ကြံ့ခိုင်မှု ရှိစေရေး၊ ရေကန်တစ်ကန်နှင့် တစ်ကန် ချိတ်ဆက်သည့် ရေလမ်းကြောင်းများ မိုးမကျမီ အပြီးတူး ဖော်ထိန်းသိမ်းရေးတို့ကို မှာကြားခဲ့ပါသည်။
ယင်းနောက် ရေတော်မုနိကန်၊ ရွာဟောင်းကြီးကန်၊ ဆုတောင်းပြည့်ကန်၊ ကိုမောက်ကန် များ ပြန်လည်တူးဖော်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေ အနေ ကိုလည်းကောင်း၊ ပုဂံ ခေတ်ကတည်းက မြကန်မှ ပုဂံမြို့ဟောင်း ကျုံးအတွင်းသို့ ရေစီးဆင်းသည့် ရေစီးလမ်းကြောင်း တစ်လျှောက်တွင် အနော်ရထာလမ်း ဖြတ် သန်းဖောက်လုပ်ခဲ့သဖြင့် ရေကျော်နေသည့်နေရာအား Box Culvert ပြုလုပ်မည့်နေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် ပြီးစီး မှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ မှာကြားခဲ့ပါသည်။
ပုဂံမြို့ဟောင်း အရှေ့ဘက်ကျုံး ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် (၁၉၉၀)ပြည့်နှစ်က တူးဖော်ခဲ့ပြီး သဲနုန်းပို့ချမှုကို ပြန်လည်ဖယ်ရှား၍ ပြုပြင် ထိန်းသိမ်းမှု ဆောင်ရွက်နေ သည့် ပုဂံမြို့ဟောင်း အရှေ့ဘက်ကျုံး တူးဖော်ထိန်းသိမ်းမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် (၂၀၂၃)ခုနှစ်၊ ဩဂုတ်လတွင် နိုင်ငံတော်အကြီးအကဲ အာနန္ဒာဘုရားသို့ ဖူး မြှော်ကြည်ညိုစဉ်က လမ်းညွှန် မှာကြားချက်များအား ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပုဂံရှေးဟောင်းသုတေသနပြတိုက်အစည်းအဝေးခန်းမတွင် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသအတွင်းတွင် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ကျော်ကာလ ပျဉ်ပြားမင်း နန်းစံစဉ်ကတည်းက မြို့ရိုး၊ ကျုံး၊ မြောင်းများ နှင့်အတူ ရေတွင်းရေကန်များ တူးဖော်ခဲ့ပြီး သဘာဝမြေမျက်နှာပြင် အနိမ့်အမြင့်ပေါ် မူတည်၍ အမြင့်ဆုံး တူရင်းတောင်ခြေရှိ မြကန်မှ အလံပုဂံ၊ ၎င်းမှ အလယ်ကန်၊ ၎င်းမှ လေးမျက်နှာကန်၊ ၎င်းမှ ညောင်လက်ဖက်ကန်၊ ဖိုးသူတော်ကန် စသည်ဖြင့် ရေကန်အဆင့်ဆင့်သို့ ရေစီးလမ်းများဖြင့် သွယ်ယူ၍ ပုဂံမြို့ ကျုံးအတွင်းထိ ရေသွယ်ယူစီမံခဲ့သည်ကို ပြည်တွင်း ပြည်ပပညာရှင်များနှင့် ပူးပေါင်းသုတေသန ပြု၍ တူးဖော်ထိန်းသိမ်းမှုအခြေအနေ၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်မှုမရှိစေရန် စစ်ဆေးအကြံ ပြုမှု (HIA)အတိုင်း ဆောင်ရွက်မှု၊ ပြည်ပရေစီမံခန့်ခွဲမှုကျွမ်းကျင်ပညာရှင်ကိုပါ ဖိတ်ခေါ်၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘူမိဗေဒနှင့် ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာန၊ လမ်းဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့်ပါ ပူးပေါင်း၍ ညှိနှိုင်းဆွေးနွေးခြင်း၊ ကွင်းဆင်းလေ့လာ၍ အကြံပြုအကဲဖြတ်ခြင်းများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အဆိုပါရှေးဟောင်းရေကန်များကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ အကူအညီဖြင့် စနစ်တကျဖော်ထုတ် နုန်းပို့ချ ထားသည်များကို ဆယ်ယူ၍ ဒေသခံများ အ တွက် သောက်သုံးရေ၊ စိုက်ပျိုးရေ ရရှိစေရန်နှင့် ရှေးဟောင်း ရေစီမံမှုစနစ် ပြန်လည်အသက်ဝင်စေရန် စီမံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျ စရိတ်များ လေလွင့်မှုမရှိစေရန်နှင့် အရည်အသွေးကောင်းမွန်သပ်ရပ်အောင် ဆယ်ယူထိန်းသိမ်းရေး ဆောင်ရွက်ပေးစေလိုကြောင်း ပုဂံဒေသရှိ ကျေးရွာများတွင် ဒေသခံ ပြည်သူများ အခက်အခဲဖြစ်နေသော သောက်ရေသုံးရေ၊ တိရစ္ဆာန်များနှင့် စိုက်ပျိုးရေများ သိုလှောင်အသုံးပြုနိုင်ရေးအတွက်လည်း အထောက်အကူဖြစ်စေရေးပါ ဆောင် ရွက်ပေးရန်နှင့် ရေရှည်အတွက်ပါ ဆက်လက်ထိန်းသိမ်းရေး စီမံ ပေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ်သို့ ရောက်ရှိပြီး မြို့ရေပေးဝေရေးလုပ်ငန်း ဆောင် ရွက်မည့် မြေနေရာသို့ သွားရောက်ခဲ့ရာ တာဝန်ခံအရာရှိက မြို့ရေပေးဝေရေးစီမံကိန်း ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး များနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်းသိရသည်။