ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ငမိုးရိပ်ချောင်းတစ်လျှောက် ပြန်လည်တူးဖော်မှုအခြေအနေ
  • Sun, 3 March 2024

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ငမိုးရိပ်ချောင်းတစ်လျှောက် ပြန်လည်တူးဖော်မှုအခြေအနေ


    မိုးတွင်းကာလ လှည်းကူးမြို့နယ်အတွင်း ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ငမိုးရိပ်ရေလှောင်တမံ မှ ငမိုးရိပ်ရေတံခါးအထိ ငမိုးရိပ်ချောင်းတစ်လျှောက် ပြန်လည်တူးဖော် ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် လှည်းကူးမြို့နယ် ၊ ကမ်းနီကျေးရွာ ၊ ရန်ကုန်−မန္တလေး အမြန်လမ်း (၁၁)မိုင် (၃)ဖာလုံ တွင် ငမိုးရိပ်ချောင်း ပြန်လည်တူးဖော်နေမှုကို လည်း ကောင်း ၊ အောင်ချမ်းသာရပ်ကွက် ဖောင်ကြီးအရှေ့တွင် ငမိုးရိပ်ချောင်း တူးဖော်ပြီးစီးမှုကိုလည်းကောင်း၊ မြေစေးအိုင်ကျေးရွာ နှင့် ဥယျာဉ်ဝကျေးရွာကို ဆက်သွယ်သော ငမိုးရိပ်ချောင်းကူးတံတားအနီး လုပ်ငန်းဆောင်ရွက်နေ သည့် နေရာကိုလည်းကောင်း ၊ ကြို့ကုန်းကျေးရွာ (တောင်)နှင့်ကြို့ကုန်းကျေးရွာ(မြောက်)တို့ကိုဆက်သွယ်ထားသော ငမိုးရိပ်  ချောင်းကူးတံတားအနီးနှင့် ကမ်းနီကျေးရွာတွင် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုကိုလည်းကောင်း ၊ နှုတ်ခမ်းမွှေးသိုက် ကျေးရွာအနီးတွင် လည်းကောင်း စက်ယန္တရားများဖြင့်လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှ့စစ် ဆေးသည်။
    ဦးစွာ တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူး၊ ဦးကျော်နိုင်ဦး နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု နှင့် လုပ်ငန်းဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြကြသည်။ ရှင်း လင်းတင်ပြချက်များ နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေလျှံသည့်နေရာများ၏ အောက်ဘက်ကို နက်နက်တူး၍ နိမ့်သည့် နေရာများတွင် အနေအထားကြည့်၍ တူးရန်၊ လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများ အခက်အခဲရှိပါက တင်ပြကြရန် ၊ သတ်မှတ်ကာလ အတွင်း  လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဆောင်ရွက် ကြရန်နှင့် လိုအပ်သည်များ မှာကြားသည်။