ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံကိန်း ရေရရှိရေးနှင့် မြေယာပြုပြင်ရေးကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကျင်းပ
  • Fri, 23 February 2024

ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံကိန်း ရေရရှိရေးနှင့် မြေယာပြုပြင်ရေးကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကျင်းပ



ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံကိန်း ရေရရှိရေးနှင့် မြေယာပြုပြင်ရေးကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂)ရက်နေ့တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
    ညှိနှိုင်းအစည်းအဝေးသို့ ကော်မတီဝင်ဌာနများ ဖြစ်သော ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ စက်မှုလယ်ယာ ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အခြားဖိတ်ကြားထားသော ဆက်စပ်ဌာနများမှ တာဝန်ရှိသူများလည်း တက် ရောက်ခဲ့ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ဆည်ရေသောက်ဧရိယာများအတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် နွေသီးနှံရာသီတွင် လျာထားစိုက်ပျိုးလျက်ရှိသော ဆီထွက်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် ၊ မူလလျာထား ဧကများအပြင် ရေသိုလှောင်မှုအပေါ် ဆည်ရေစနစ်တကျ စီမံခန့်ခွဲမှုအရ ထပ်မံတိုးတက်လျာထားနိုင်မည့် ဧရိယာများကို စိုက်ပျိုးနိုင်ရေး တွန်းအားပေး ဆောင်ရွက်ရန်၊ လျာထားစိုက်ပျိုးလျက်ရှိသည့် ဆီထွက်သီးနှံများ အထွက် နှုန်းတိုးတက် ရရှိရေး အတွက် ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အထူးဇုန်အဖြစ် လျာထား သည့် မြို့နယ်များအလိုက် ရေရရှိရေးနှင့် မြေယာထွန်ယက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မည့် အခြေအနေများကို ပူးပေါင်းကွင်းဆင်းဆောင်ရွက်ရန် စသည့်အချက်များကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။