နည်းပညာပေး ဆွေးနွေးပွဲ( Farmer’ Forum)သို့ ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့တက်ရောက်
  • Sun, 6 August 2023

နည်းပညာပေး ဆွေးနွေးပွဲ( Farmer’ Forum)သို့ ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့တက်ရောက်


တောင်သူနည်းပညာပေး ဆွေးနွေးပွဲ(Farmer’ Forum)ကို (၅.၈.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်နယ်မြေရှိ စိုက်ပျိုးရေသုတေသနဦးစီးဌာန တောင်သူလယ်သမားရုပ်သံခန်းမ၌ ကျင်းပခဲ့သည်။
    ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ စိုက်ပျိုးရေးသုတေသန ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအောက်ရှိ နည်းပညာကျွမ်းကျင်ပညာရှင်များနှင့် ဒဏ္ခိဏသီရိမြို့နယ်မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။
    ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်မှ တောင်သူလယ်သမားကဏ္ဍရုပ်သံလိုင်းနှင့် အခြားလူမှုကွန်ရက် မီဒီယာများမှ နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး သာမက တောင်သူများနှင့် ပညာရှင်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းသစ်များ ဖော်ထုတ်အသုံးချဆောင်ရွက် ကြရန် ယနေ့ဖွင့်လှစ်မည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲသည် တောင်သူလယ်သမားများ အကျိုးစီးပွားမြှင့်တင် ရေးအတွက် သုတေသီများ၊ ပညာရှင်များနှင့် စိုက်ပျိုးပညာပေး တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သည့် Smart Movement ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်မှ ဝင်ငွေရပြီး စိုက်ပျိုးရေ အနည်းငယ်သာ လိုအပ် သည့်သီးနှံများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးအတွက် ရေအသုံးချသူများအဖွဲ့(WUG) များ အနေဖြင့် လက်တွေ့ဆန်ဆန် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက်လုံး အင်းအားကောင်းသော အစုအဖွဲ့များ အဖြစ် လှုပ်ရှားလာကြစေရေး တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
    ထို့နောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီး ဌာန အပင်ရောဂါ သုတေသနဌာနစုမှ တာဝန်ရှိသူက မတ်ပဲသီးနှံ အပင်အသေအပျောက်များခြင်း ပြဿနာဖြေရှင်းရန် အတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်များ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်း နည်းစနစ်များဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြရာ ဆွေးနွေးပွဲတက်ရောက်လာကြသော တောင်သူများက မတ်ပဲစိုက်ပျိုးရာတွင်ကြုံတွေ့နေ ရသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြပြီး သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
    တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရာတွင် ပိုမိုထိ ရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေး တာဝန်ရှိသူများနှင့် တောင်သူများအကြား နီးကပ်စွာ ဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးနိုင်ရေးအတွက် တောင်သူနည်းပညာပေး ဆွေးနွေး ပွဲ(Farmer’s Forum) ကို အပတ်စဉ် စနေနေ့တိုင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။