(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင်စံပြကျေးရွာ စနစ်ကျလယ်ယာမြေ (၇၉.၈၈)ဧက ဖော်ထုတ်ခြင်းလုပ်ငန်းအောင်မြင်စွာပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်း၊ ရှားတောယာယီရေထိန်းဆည်မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်း အခမ်းအနား
  • Tue, 28 February 2023

(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင်စံပြကျေးရွာ စနစ်ကျလယ်ယာမြေ (၇၉.၈၈)ဧက ဖော်ထုတ်ခြင်းလုပ်ငန်းအောင်မြင်စွာပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်း၊  ရှားတောယာယီရေထိန်းဆည်မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်း အခမ်းအနား


(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင်စံပြကျေးရွာ စနစ်ကျလယ်ယာမြေ (၇၉.၈၈)ဧက ဖော်ထုတ်ခြင်းလုပ်ငန်းအောင်မြင်စွာပြီးစီး၍ တောင်သူများထံ ပြန်လည်ပေးအပ်ခြင်း၊  ရှားတောယာယီရေထိန်းဆည်မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်း အခမ်းအနားများကို ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီ(၂၇)ရက်နေ့၊ နံနက်ပိုင်းက နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့နယ်ရှိ သတ်မှတ်နေရာများတွင် ကျင်းပသည်။

အခမ်းအနားများသို့ နေပြည်တော်ကောင်စီဉက္ကဌ ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရေအသုံးချသူများအဖွဲ့ (WUG)ဝင် တောင်သူများနှင့် ဒေသနေ ပြည်သူများ တက်ရောက်ကြသည်။

တောင်သူများ၏ တင်ပြတောင်းဆိုမှုအရ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်အသုံးပြု နိုင်ရေး ပြည်ထောင်စုဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ နေပြည်တော်ကောင်စီနယ်မြေ အတွင်း စနစ်ကျလယ်ယာမြေဧက (၁၃၂၀၀)ကျော် ဖော်ထုတ်ပေးပြီးဖြစ်ပါသည်။

ယနေ့ဖွင့်လှစ်သည့် ရှားတောယာယီရေထိန်းဆည်သည် ဆင်သေချောင်းပေါ်တွင် ယာယီ ရေထိန်းဆည် တည်ဆောက်ကာ ကုန်းမြင့်ပိုင်း၌ တစ်နှစ်တစ်သီးသာ စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများအား နေရောင်ခြည် စွမ်းအင်သုံးဆိုလာစနစ်ဖြင့် ရေတင်၍ နွေသီးနှံ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အဆိုပါရေတင်စနစ်တွင် ပါဝင်သည့် စိုက်ပျိုးမြေ (၁၁၇.၉၁)ဧက တွင်တစ်နှစ် သုံးသီး စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ ဝင်ငွေသုံးဆရရှိခံစားနိုင်ရေး မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ပါသည်။