(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်ရေတင်စနစ်ဖြင့် ရှားစေးဖိုကျေးရွာ နွေသီးနှံစိုက်ကွင်းများ ရေစတင်ပေးဝေ
  • Sun, 12 March 2023

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်ရေတင်စနစ်ဖြင့် ရှားစေးဖိုကျေးရွာ နွေသီးနှံစိုက်ကွင်းများ ရေစတင်ပေးဝေ


(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်သေချောင်းရေကိုလျှပ်စစ်ရေတင်စ နစ်အသုံးပြု၍ ရှားစေးဖို ကျေးရွာရှိ နွေသီးနှံစိုက်ကွင်းများ ရေစတင်ပေးဝေခြင်းအခမ်းအနားကို ၂၀၂၃ခုနှစ်၊ မတ်လ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် ဇေယျာ သီရိမြို့နယ်၊ ရှားစေးဖိုကျေးရွာ မူလတန်းကျောင်းဝင်းအတွင်း ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရေအသုံးချသူများအဖွဲ့(WUG) အဖွဲ့ဝင် တောင်သူလယ်သမားများ တက်ရောက် ခဲ့ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်အစိုးရက လယ်ယာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ မြေဆီဩဇာကောင်းမွန်ရေး၊ ရေရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ပြီးခေတ်မီစိုက်ပျိုးနည်းပညာများ အသုံးချ နိုင်ရေးတို့ကို ကဏ္ဍစုံမှ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်ဆိုလာသုံး ရေတင်စနစ်ဖြင့် ရေတင်အသုံးပြု နိုင်ရေး ဆောင်ရွက်ပေးခြင်းဖြင့် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ပြီး တောင်သူဝင်ငွေသုံးဆရရှိရေးနှင့် တစ်ဧကချင်း၏ လယ်ယာထုတ်ကုန် တိုးတက်ရေးကို မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိ ဆင်သေချောင်း နှင့် ပလွေးချောင်းတစ်လျှောက် ၌ ချောင်းပိတ်လုပ်ငန်းနှင့် ရေတင်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ်ရာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆောင်ရွက်လျက် ရှိသော ချောင်းပိတ်လုပ်ငန်းနှင့် ရေတင်လုပ်ငန်း များမှ စိုက်ပျိုးမြေဧက ၁၈၀၀ ကျော်ကို အကျိုးပြုလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးရှိ ချောင်းပိတ်မြောင်းပိတ် လုပ်ငန်းများမှ စိုက်ပျိုးမြေဧက (၈၆၀၀၀)ကျော်ကို အကျိုးပြုလျက်ရှိကြောင်း၊ ယခုကျင်းပသည့် ရှားစေးဖို ဆိုလာရေတင်စနစ်ဖြင့် ရေဆင်းဆည်ရေသောက် မိုင်နာအမှတ်(၅)မြောင်းသို့သွင်းယူပြီး နွေသီးနှံ ၁၆၆ ဧကကို အကျိုးပြုမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် တွက်ခြေကိုက် အကျိုးရှိမည့်သီးနှံ မျိုးများကို ရွေးချယ်စိုက်ပျိုး၍ မိမိတို့စီးပွားဖြစ်ထွန်းအောင် အားထုတ် ကြိုးပမ်းကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆင်သေချောင်းမှ လျှပ်စစ်ရေတင် စနစ်ဖြင့် ရေစတင်ပေးဝေ ခြင်းအခမ်းအနားဆက်လက်ကျင်းပရာ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာန တာဝန်ရှိသူများနှင့် တောင်သူကိုယ်စားလှယ် တို့က အထိမ်းအမှတ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်တို့က ရေတင်စက် အမှတ်(၁)နှင့် အမှတ်(၂) တို့ကို စက်ခလုတ်နှိပ်၍ ရေစတင်ပေးဝေကြရာ ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဉက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများက ဆင်သေချောင်းမှ လျှပ်စစ်ရေတင်စနစ်ဖြင့် ရေပေးဝေမှုနှင့် တောင်သူများ၏ စိုက်ကွင်းများအတွင်း နွေးသီးနှံစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။