ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေး ပညာပေးဟောပြောပွဲ ကျင်းပ
  • Wed, 15 March 2023

ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေး ပညာပေးဟောပြောပွဲ ကျင်းပ


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်း၌ ၂၀၂၃ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ နံနက် ၉နာရီခွဲ တွင် ပူးပေါင်းပါဝင် ဆည်မြောင်းစနစ်ဖြင့် လယ်ယာကဏ္ဍမြှင့်တင်ရေး အခမ်းအနားကို ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် သာယာဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်ဟိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာန တည်ဆောက်ရေး(၉) ဒုတိယညွှန်ကြား ရေးမှူး ဦးသာယာက သုံးဆယ်ရေလှောင်တမံ ဆည်ရေစီမံခန့်ခွဲမှု၊ WUG အဖွဲ့များ ဖွဲ့ စည်းထားရှိ မှုအခြေအနေနှင့် နွေစပါးရေပေးဝေမှုအခြေအနေ၊ လျာထားဧက ပြည့်မီရေး တောင်သူများနှင့် ဌာနဆိုင်ရာများ အချိတ်အဆက် မိမိ ကြိုးစားဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်) ဒုတိယညွှန်ကြားရေး မှူး ဦးအောင်ဝင်းဆွေက ပူးပေါင်းပါဝင် ဆည်မြောင်းစနစ် (PIM) နှင့် ပတ်သက်သော အကြောင်းအရာများကို ပညာပေးရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ ရေအသုံးချသူများအဖွဲ့(WUG) ခေါင်းဆောင် ခြောက်ဦးနှင့် အဖွဲ့ဝင် ၅၅ ဦး စုစုပေါင်း ၆၁ ဦး တက်ရောက်ခဲ့ကြကြောင်း သိ ရသည်။