ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ နောက်ခံသမိုင်းမှာ မြန်မာနိုင်ငံရှိ ဆည်မြောင်း လုပ်ငန်းများအပေါ် အခြေခံ၍ အစဉ်တစိုက် ဖြစ်ပေါ်တိုးတက်ခဲ့ခြင်း ဖြစ်ပါသည်။ သမိုင်းအထောက် အထား များအရ မြန်မာနိုင်ငံတွင် ဆည်မြောင်းလုပ်ငန်းများကို ပုဂံခေတ်မတိုင်မီ ပျူခေတ်ကတည်းကပင် စတင် ခဲ့ပါသည်။ မိတ္ထီလာကန်၊ ကျောက်ဆည်ဒေသမှ ကင်းတား၊ ငပြောင် စသည့်ရေလွှဲဆည်များနှင့် ရွှေဘိုဒေသမှ မူးတူးမြောင်းဟောင်း၊ မဟာနန္ဒာကန်စသည့် ဆည်မြောင်းများသည် ထင်ရှားသော သာဓကများ ဖြစ်ပါ သည်။ ကိုလိုနီခေတ် (၁၈၆၁) ခုနှစ်မှစတင်၍ မြန်မာနိုင်ငံအောက်ပိုင်း၌ ပြည်သူ့လုပ်ငန်းများ ထိန်းသိမ်းခြင်း နှင့် တည်ဆောက်ခြင်းလုပ်ဆောင်ရန် ပြည်သူ့လုပ်ငန်းဌာနကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထိုဌာနကို အင်ဂျင်နီ ယာ ချုပ်တစ်ဦးတည်းကသာ ဌာနအကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ထိုစဉ်က ဆည်မြောင်းဌာနဟု သီးခြားမရှိခဲ့ပါ။ ပြည်သူ့လုပ်ငန်းဌာနကသာ ဆည်မြောင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ဖတ်ရှုရန် . . .
Read More >>ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် စိုက်ပျိုးရေ၊ သောက်သုံးရေ ရှားပါးခက် ခဲမှု၊ ရေကြီးရေလျှံမှု သဘာဝဘေးအန္တရာယ်များမှ လျော့ပါးသက်သာစေရေးနှင့် နောင်ရေရှည်လုံခြုံ စိတ်ချနိုင်ရန်အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများကို တည်ဆောက်ထိန်းသိမ်းပြီး ရေ အရင်းအမြစ်သယံဇာတ စီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်ရန်။
မြေပေါ်မြေအောက် ရေအရင်းအမြစ်သယံဇာတများကို စနစ်တကျစီမံခန့်ခွဲ၍ လိုအပ် သည့် အခြေခံ အဆောက်အဦများ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ စိုက်ပျိုးရေပေးဝေခြင်း၊ သောက်သုံးရေ ပေးဝေခြင်းနှင့် ရေဘေးကာကွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့ကို အထောက်အကူ ဖြစ်စေရန်။